2026 ခုနှစ်ဟာ အိမ်ဝယ်သူတွေအတွက် အခွင့်အရေးကောင်းမယ့်နှစ်လား?
- 2 days ago
- 2 min read

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အိမ်ဝယ်ဖို့ဆိုတာ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်ထဲမှာတော့ အပြောင်းအလဲတွေ စတင်နေပါပြီ။ အဓိကထူးခြားချက်ကတော့ ရောင်းဖို့တင်ထားတဲ့ အိမ်အရေအတွက် (Home Inventory) တွေ တိုးလာတာပါပဲ။ ဒါဟာ အိမ်ဝယ်မယ့် သူတွေအတွက် ရွေးချယ်စရာ ပိုများလာပြီး စျေးစကားပြောနိုင်တဲ့ အခွင့်အရေး ပိုရလာတာကို ဆိုလိုပါတယ်။

၁။ ဘာကြောင့် အိမ်အရေအတွက်တွေ များလာတာလဲ?
အကြောင်းရင်း (၃) ချက်ရှိပါတယ်။
"Lock-In Effect" ပျောက်ကွယ်လာခြင်းနှင့် မဖြစ်မနေရောင်းရမယ့်သူများ :
အရင်က အတိုးနှုန်း ၃% နဲ့ ဝယ်ထားသူတွေဟာ နှုန်းသစ်တွေကို မလိုချင်လို့ အိမ်မရောင်းဘဲ အောင့်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ J.P. Morgan Asset Management က ဆိုသလို "နောက်ဆုံးမှာတော့ လူနေမှုဘဝက အတိုးနှုန်းထက် ပိုအရေးကြီးလာပါတယ်" (Life eventually trumps interest rates)။ အခုဆိုရင် အလုပ်ပြောင်းတာ၊ လက်ထပ်တာ၊ ကွာရှင်းတာနဲ့ မိသားစုအခြေအနေ အပြောင်းအလဲတွေကြောင့် အိမ်တွေကို မဖြစ်မနေ ပြန်ထုတ်ရောင်းလာကြပါပြီ။ ဒီလို လူနေမှုဘဝဖြစ်ရပ်တွေကြောင့် အိမ်ဟောင်းစာရင်းတွေ ပြန်တက်လာပြီး ကိုယ့်အတွက် ရွေးချယ်စရာတွေ ပိုများလာစေတာပါ။
အိမ်အသစ်တွေ အများကြီးဆောက်လာခြင်း: အိမ်ဟောင်းရောင်းသူ နည်းနေချိန်မှာ အိမ်အသစ်ဆောက်လုပ်ရောင်းချသူတွေက တဖြည်းဖြညးများပြာလာတယ် ။ National Association of Home Builders (NAHB) ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်မှာ အိမ်သစ်ဆောက်လုပ်မှု အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး အဲဒီအိမ်တွေဟာ အခု ၂၀၂၆ ဈေးကွက်ထဲကို ရောက်ရှိလာပါပြီ။ အိမ်ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ အိမ်တွေကို အကြာကြီး ရောင်းမထွက်ဘဲ ထားလို့မရတဲ့အတွက် ကိုယ့်လိုဝယ်မယ့်သူတွေအတွက် "ချက်ချင်းတက်နေရုံ" အိမ်သစ်ရွေးချယ်စရာတွေ အများကြီး ရှိလာစေပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေက အိမ်တွေပြန်ရောင်းခြင် း: အတိုးနှုန်းနည်းနေခဲ့ချိန်က ရင်းနှီးမြှုပ်နှံသူအကြီးစားတွေနှင့် တစ်ပိုင်တစ်နိုင် အိမ်ရှင် (Mom-and-pop landlords) တွေက အိမ်တွေကို အငှားချဖို့အတွက် အလုအယက် ဝယ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အိမ်ခြံမြေအခွန်၊ အာမခံကြေးနှင့် ပြုပြင်ထိန်းသိမ်းစရိတ်များ မြင့်တက်လာတာကြောင့် အချို့ရင်းနှီးမြှုပ်နှံသူတွေက သူတို့၏အမြတ်ကို လက်ဆုပ်လက်ကိုင် ပြန်ရရှိဖို့ အိမ်တွေကို ပြန်လည်ထုတ်ရောင်းလာကြပါတယ်။ ဒါဟာ အရင်က အငှားဈေးကွက်ထဲမှာပဲ ပိတ်မိနေတဲ့ "Starter home" (အခြေခံအိမ်အမျိုးအစား) တွေကို ကိုယ့်လို အိမ်ဝယ်မယ့်သူတွေအတွက် ဈေးကွက်ထဲ ပြန်လည်ရောက်ရှိလာစေပါတယ်။

၂။ "ဝယ်သူ့အားသာချက်" ဆိုတာ ဘာလဲ?
အိမ်အရောင်း အရေအတွက် များလာတဲ့အတွက် အခုဆိုရင် ကိုယ် က စိတ်ကြိုက်ရွေးချယ်ခွင့် ရှိလာပါပြီ။ ဒါကို "Buyer Leverage" လို့ ခေါ်ပါတယ်။
စျေးနှုန်းအပေးအယူလုပ်နိုင်ခြင်း: အိမ်ရှင်တွေက သူတို့သတ်မှတ်ထားတဲ့ စျေးအတိုင်း မရတော့ဘဲ စျေးလျှော့ပေးလာရတာမျိုးတွေ ရှိလာပါတယ်။
အကာအကွယ်များ ရလာခြင်း: အရင်ကလို အတင်းလုဝယ်စရာမလိုတော့လို့ အိမ်ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးခွင့် (Inspection) နဲ့ တခြားလိုအပ်တဲ့ အချက်အလက်တွေကို စိတ်ကြိုက်တောင်းဆိုခွင့် ရလာပါတယ်။

၃။ Market ပေါ်တင်ထားတဲ့ အိမ်သက်တမ်း (Days on Market) ကို ကြည့်ပါ
အိမ်တစ်လုံးဟာ စျေးကွက်ထဲမှာ ရှိနေတာ ကြာလေလေ၊ ကိုယ် က စျေးပိုဆစ်နိုင်လေလေပါပဲ။
၁၄ ရက်အောက်: ရောင်းသူက အားသာနေဆဲပါ။
ရက် ၃၀ မှ ၆၀: ရောင်းသူက စိတ်ပူလာပြီဖြစ်လို့ ကိုယ် က စတင်ညှိနှိုင်းလို့ ကောင်းတဲ့အချိန်ပါ။
ရက် ၉၀ အထက်: ကိုယ် က စျေးအများကြီး လျှော့ခိုင်းလို့ရသလို၊ တခြားပြုပြင်စရိတ်တွေကိုပါ တောင်းဆိုနိုင်ပါတယ်။

၄။ ၂၀၂၆မှာ ကိုယ့်ရဲ့အသာစီးရမှုကို အသုံးချရမယ့် ဗျူဟာများ
အသာစီးရမှု (Leverage) ရှိလာတာက တစ်ပိုင်း၊ အဲဒါကို ထိရောက်စွာ အသုံးချတတ်ဖို့က ပိုအရေးကြီးတဲ့ တစ်ပိုင်းပါ။ ပါးနပ်တဲ့ အိမ်ဝယ်သူတွေ အသုံးချနေတဲ့ ဗျူဟာတွေကတော့ -
2-1 Rate Buydown: U.S. Bank ရဲ့ အဆိုအရ အိမ်ရောင်းသူတွေနဲ့ အိမ်ဆောက်လုပ်သူတွေဟာ ဝယ်သူရဲ့ အတိုးနှုန်းကို လျှော့ချပေးဖို့ (Buydown) ကမ်းလှမ်းလာကြပါတယ်။ အိမ်ဈေးကို $10,000 လျှော့ခိုင်းမယ့်အစား အဲဒီငွေကို အတိုးနှုန်းလျှော့ဖို့ သုံးခိုင်းလိုက်ရင် လစဉ်ပေးရမယ့်ငွေကို ပိုပြီး သိသိသာသာ သက်သာစေပါတယ်။
ကြာနေတဲ့ အိမ်စာရင်း (Stale Listings) များကို ပစ်မှတ်ထားပါ: ဈေးကွက်ထဲမှာ ၄၅ ရက်ကျော်နေတဲ့ အိမ်တွေကို ရှာပါ။ အဲဒီရောင်းသူတွေဟာ ရောင်းထွက်ဖို့ ပိုစိတ်အားထက်သန်နေတာကြောင့် အိမ်လွှဲပြောင်းစရိတ် (Closing Costs) စိုက်ပေးဖို့ ဒါမှမဟုတ် အိမ်သုံးပစ္စည်းအသစ်တွေ ထည့်ပေးဖို့ ညှိနှိုင်းရတာ ပိုလွယ်ပါတယ်။
အိမ်သစ်ဆောက်လုပ်သူများ (Builders) တွေရဲ့အားသာချက် : Builder တွေဟာ အိမ်မရောင်းရရင် နေ့တိုင်း အရှုံးပေါ်နေတာဖြစ်လို့ သူတို့က "အရောင်းချင်ဆုံးသူတွေ" ပါ။ NAHB ရဲ့ စီးပွားရေးပညာရှင် Robert Dietz ရဲ့ အဆိုအရ ၂၀၂၆ မှာ အိမ်ဆောက်လုပ်သူတွေဆီကနေ အဆင့်မြင့် မီးဖိုချောင် ဒါမှမဟုတ် အပိုဝန်ဆောင်မှုတွေကို အိမ်ပိုင်ရှင်ဟောင်းတွေဆီကထက် ပိုပြီး ညှိနှိုင်းရရှိနိုင်ပါတယ်။

၅။ ဒေသအလိုက် ကွာခြားချက်များ
အိမ်ခြံမြေဈေးကွက်ဆိုတာ ကိုယ်နေထိုင်တဲ့ ဒေသအပေါ်မှာပဲ မူတည်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အိမ်အရောင်းစာရင်းတွေ တက်နေတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ အသာစီးရမှု (Leverage) ကတော့ ကိုယ်ဘယ်မှာ အိမ်ဝယ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေဦးမှာပါ။
The Sun Belt (Florida, Texas, Arizona): ဒီဒေသတွေမှာတော့ အိမ်သစ်ဆောက်လုပ်မှုတွေ အရှိန်အဟုန်နဲ့ များပြားခဲ့တာကြောင့် အိမ်အရောင်းစာရင်းတွေ အများကြီး တက်နေပါတယ်။ ဒါကြောင့် ဒီဘက်မှာ အိမ်ဝယ်မယ့်သူတွေကတော့ အသာစီး အများကြီး ရနိုင်ပါတယ်။
The Northeast နှင့် Midwest: အိမ်သစ်ဆောက်လုပ်မှု နည်းပါးခဲ့တာကြောင့် Boston ဒါမှမဟုတ် Chicago လို မြို့ကြီးတွေမှာ အိမ်အရောင်းစာရင်းက ကျပ်နေတုန်းပဲ ဖြစ်နိုင်ပါတယ်။ အရင်ကလောက် မပြင်းထန်တော့ပေမဲ့ ဝယ်ယူသူအချင်းချင်း အပြိုင်အဆိုင်တွေ ရှိနေနိုင်ပါသေးတယ်။
အနှစ်ချုပ်ချက် : ၂၀၂၆ ခုနှစ်ဟာ အိမ်ဝယ်ဖို့ လောစရာမလိုတဲ့ နှစ်ဖြစ်ပါတယ်။ အိမ်တွေ အများကြီးရှိတဲ့အတွက် ကိုယ် စိတ်ကြိုက်ဖြစ်တဲ့အထိ စောင့်ကြည့်နိုင်ပါတယ်။ မှတ်ထားရမှာက အခုအချိန်က ဝယ်သူတွေအတွက်အားသာတဲ့နှစ်ဖြစ်လို့ ကိုယ်ကသာ စျေးကွက်ကို ထိန်းချုပ်နိုင်သူ ဖြစ်ပါတယ်။



Comments