top of page

ဒီအချိန်မှာ အိမ်ဝယ်သင့်လား? အိမ်ငှားသင့်လား?

  • Writer: Win Myat Thu
    Win Myat Thu
  • Jan 31, 2024
  • 1 min read

သတင်းတွေ၊ အစီရင်ခံစာတွေထဲမှာ အခုအချိန်က အိမ်ဝယ်ဖို့ထက် ငှားဖို့က အကောင်းဆုံးလို့ မှတ်ချက်ပေးနေကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဲ့ဒီလို မဆုံးဖြတ်လိုက်ခင်မှာ သင့်အနေနဲ့ ဒီသတင်းတွေက ဘာကို အခြေခံတယ်ဆိုတာကို သိဖို့လိုပါတယ်။


များသောအားဖြင့် ဒီ အစီရင်ခံစာတွေဟာ Average Household တွေအတွက်တော့ လက်တွေ့ဆန်မနေခဲ့ပါဘူး။


ဥပမာပေးရရင် ဒီ အစီရင်ခံစာတွေရဲ့ နောက်က နည်းလမ်းတစ်ခုက အိမ်ငှားတာက Smarter Financial Option ဖြစ်တယ်လို့ ဆိုပြီး အိမ်ငှားခြင်းဖြင့် ကျန်တဲ့ ပိုက်ဆံကို အခြားနေရာတွေမှာ ရင်းနှီးမြှုပ်နှံလို့ရတယ်လို့ ပြောကြပါတယ်။


အိမ်ငှားတဲ့သူတွေအနေနဲ့ အိမ်ဝယ်မယ့်ငွေအစား အဲ့ငွေတွေကို Investment Portfolio ထဲမှာ ထည့်လိုက်တာပါ။


ဒါပေမယ့် လူအများစုက အိမ်ငှားလို့ ငွေပိုရင်လည်း Investment မလုပ်ဖြစ်ကြပါဘူး။ BH&J National Price-to-Rent Index ရဲ့ Co-author ဖြစ်သူ Ken Johnson က

“အိမ်ငှားပြီး ကျန်တဲ့ ပိုက်ဆံကို အခြားမှာ ရင်းနှီးမြှုပ်နှံတဲ့ Model မှာဆို လူအများစုက ငွေပိုတာကို သုံးပစ်ပြီး အဲ့တာက ကိုယ့်ချမ်းသာမယ့်လမ်းကို ကိုယ်ပြန်ဖျက်စီးနေသလိုပါပဲ။


ဒါကြောင့် အိမ်ပိုင်ခြင်းက ကိုယ့်အနေနဲ့ ကိုယ်ပိုင်ချမ်းသာခြင်းကို တည်ဆောက်နိုင်မယ့် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုပါ။


ဒါကြောင့် Average Homeowner ရဲ့ Net worth နဲ့ Average Renter တွေရဲ့ Net worth ရဲ့ကြားမှာ မြင်သာတဲ့ ကွာခြားမှုတွေရှိနေတာပါ။ အောက်က Graph ကိုကြည့်ရင် ပိုသိသာပါတယ်။



ဒါကြောင့် ကိုယ့်ရဲ့ အိမ်ငှားစာချုပ်ကို သက်တမ်းမတိုးခင်မှာ ကိုယ့်အနေနဲ့ အိမ်ပိုင်ခြင်းကြောင့် Wealth ကိုဖန်တီးနိုင်မယ့် အခွင့်အရေးတွေအကြောင်း စဉ်းစားကြည့်သင့်ပါတယ်။


တကယ်လို့ အိမ်ဝယ်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ Real Estate Advisor တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။


 
 
 

Commentaires


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page