top of page

သတင်းတွေက ပြောတဲ့ အိမ်ဈေးကွက်နဲ့ လက်တွေ့အခြေအနေ ဘာတွေကွာခြားနေသလဲ?

  • 2 days ago
  • 1 min read

သတင်းခေါင်းစဉ်တွေမှာ "အိမ်ဈေးကွက် အခြေအနေမကောင်းဘူး"၊ "အိမ်ဈေးတွေ ကျဆင်းတော့မယ်" ဒါမှမဟုတ် "ဝယ်ယူဖို့ အချိန်မသင့်သေးဘူး" ဆိုတဲ့ စကားလုံးတွေကို နေ့တိုင်းလိုလို မြင်တွေ့နေရလို့ စိုးရိမ်နေပြီလား။ တကယ်တော့ သတင်းမီဒီယာတွေဆိုတာ လူတွေ ထိတ်လန့်သွားအောင် ဒါမှမဟုတ် စိတ်ဝင်စားလာအောင် ခေါင်းစဉ်တွေကို ချဲ့ကားပြီး ရေးသားလေ့ရှိပါတယ်။ ဒီလို အလှည့်အဖျားတွေကြားမှာ ကိုယ့်ရဲ့ အိမ်ပိုင်ရှင်ဖြစ်မယ့် အခွင့်အရေးကို အဆုံးရှုံးမခံပါနဲ့။အိမ်ဝယ်ဖို့ ပြင်ဆင်နေတဲ့ ကိုယ့်အတွက် သတင်းတွေဖတ်ပြီး ဝေခွဲမရဖြစ်နေတာဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ အိမ်ဈေးကွက်ရဲ့ တကယ့်လက်ရှိ အခြေအနေမှန်ကို နားလည်ဖို့ဆိုရင် သတင်းခေါင်းစဉ်တွေကို ကျော်လွန်ပြီး အချက်အလက်တွေကို သေချာခွဲခြားမြင်ဖို့ လိုပါတယ်။



၁။ သတင်းတွေက အဆိုးမြင်တဲ့ဘက်ကို ပိုပြီး အသားပေးတတ်ကြတယ်

"ဈေးနှုန်းတွေ ပြန်ကျတော့မယ်" ဒါမှမဟုတ် "ဈေးကွက် ပျက်တော့မယ်" ဆိုတဲ့ သတင်းတွေဟာ လူတွေရဲ့ အာရုံစိုက်မှုကို ပိုရတတ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အိမ်ဈေးနှုန်းတွေဟာ ဒေသတစ်ခုနဲ့တစ်ခု မတူညီသလို၊ ဈေးနှုန်းတက်တဲ့နှုန်းကလည်း ကပ်ရောဂါကာလအတွင်းကလို အဆမတန် မြန်ဆန်တဲ့နှုန်းကနေ ပုံမှန်အခြေအနေ (Normalization) ဘက်ကို ပြန်သွားနေတာမျိုးသာ ဖြစ်လေ့ရှိပါတယ်။ ဒါကို သတင်းတွေက "ဈေးကွက်ပျက်ပြီ" လို့ ပုံဖော်တတ်ကြပါတယ်။



၂။ ဈေးနှုန်းတက်နှုန်း နှေးသွားတာဟာ "ဈေးကျတာ" မဟုတ်ပါဘူ

သတင်းအချို့မှာ "Home Price Growth is Slowing" (အိမ်ဈေးနှုန်းတက်တဲ့နှုန်း နှေးကွေးသွားတယ်) လို့ ဖော်ပြတဲ့အခါ လူတော်တော်များများက အိမ်ဈေးတွေ ကျသွားပြီလို့ ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ အိမ်ဈေးတွေက ဆက်တက်နေတုန်းပဲ၊ ဒါပေမဲ့ အရင်ကလို ၁၅% - ၂၀% ထိ မတက်တော့ဘဲ ပုံမှန် ၃% - ၅% လောက်ပဲ တက်တော့မယ်လို့ ဆိုလိုတာပါ။ ငွေကြေးဖောင်းပွမှု နှုန်း (inflation rate) နဲ့တူညီတဲ့ စျေးနှုန်း ပြောင်းလဲမှုပါ။ ဒါကြောင့် ကိုယ်က ဈေးကျမယ့်အချိန်ကို စောင့်နေမယ်ဆိုရင် တကယ်တမ်းမှာ ဈေးက ပိုတက်သွားတာမျိုးပဲ ကြုံရနိုင်ပြီး ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားနိုင်ပါတယ်။



၃။ ကိုယ့်ဒေသရဲ့ ဈေးကွက်အခြေအနေကသာ အရေးကြီးဆုံးပ

သတင်းတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယေဘုယျခြုံပြီး ပြောတတ်ကြပေမဲ့ အိမ်ခြံမြေဆိုတာ "Local" ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ အိမ်ဈေးကျနေတယ်ဆိုရင်တောင် ကိုယ်ဝယ်ချင်တဲ့ မြို့နယ် ဒါမှမဟုတ် ရပ်ကွက်ထဲမှာ အိမ်ဝယ်ချင်သူတွေ များနေရင် ဈေးက ဆက်တက်နေမှာပါပဲ။ ဒါကြောင့် သတင်းခေါင်းစဉ်တွေထက် ကိုယ့်ပတ်ဝန်းကျင်က တကယ့်အရောင်းအဝယ် အချက်အလက်တွေကို ကြည့်တတ်ဖို့ လိုပါတယ်။



၄။ အိမ်ပိုင်ဆိုင်ခြင်းရဲ့ ရေရှည်အကျိုးကျေးဇူး (Equity) ကို ကြည့်ပါ

ခဏတာ ပြောင်းလဲနေတဲ့ သတင်းတွေထက် ကိုယ့်အတွက် အိမ်တစ်လုံး ပိုင်ဆိုင်ထားခြင်းက ရေရှည်မှာ ဘယ်လောက်အထိ ငွေကြေးခိုင်မာမှု (Equity) ပေးနိုင်မလဲဆိုတာကို စဉ်းစားသင့်ပါတယ်။

အိမ်ဈေးကွက်က ခဏတဖြုတ် အတက်အကျ ရှိနိုင်ပေမဲ့ ရေရှည်မှာတော့ အိမ်ခြံမြေဟာ ငွေကြေးဖောင်းပွမှုကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် အမြဲရှိနေမှာပါ။ အိမ်ငှားခတွေ တက်နေတဲ့ဒဏ်ကို ခံရမယ့်အစား ကိုယ်ပိုင်အိမ်မှာ အေးအေးဆေးဆေး နေထိုင်ရင်း ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို တည်ဆောက်တာက ပိုပြီး ကိုယ့်အတွက်ပိုကောင်းပါတယ်။


ဒါကြောင့် သတင်းခေါင်းစဉ်တွေကြောင့် စိုးရိမ်စိတ်နဲ့ အိမ်ဝယ်ဖို့ အစီအစဉ်ကို ရပ်တန့်မပစ်လိုက်ပါနဲ့။ အိမ်တစ်လုံးကို ရွေးချယ်ပြီး ကမ်းလှမ်းချက် (Offer) မတင်ခင်မှာ ကိုယ့်အနေနဲ့ တကယ့်ဈေးကွက် အချက်အလက်တွေကို သိထားဖို့ လိုပါတယ်။ သတင်းတွေရဲ့ နောက်ကွယ်က အမှန်တရားကို သိရှိဖို့နဲ့ ကိုယ့်အတွက် အကျိုးရှိမယ့် ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့ဆိုရင် ကိုယ်ယုံကြည်ရတဲ့ ကျွမ်းကျင်တဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေ၊ Mortgage Advisor တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page