top of page

2025 မှာ Mortgage Rates နှင့် Home Prices တွေအတွက် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်မလဲ ?

  • Writer: arkar tm
    arkar tm
  • Nov 12, 2024
  • 1 min read


အခုလာမဲ့ 2025 မှာ real estate market အတွက် ကောင်းမွန်တဲ့အပြောင်းအလဲတွေ တော်တော်များများဖြစ်လာနိုင်မယ်လို့ ထင်ရပါတယ်။


Mortgage Rates တွေအနည်းငယ်ပိုကျလာပါမယ်

လတ်တလော မှာမြင့်တက်နေတဲ့ mortgage rate trending တွေအရ နောက်လာမယ့် 2025 မှာ rate တွေ တဖြည်းဖြည်းချင်း ပြန်ကျသွားမယ်လို့ခန့်မှန်းလို့ရပါတယ်။ တစ်နှစ်ပါတ်လုံးတစ်သမတ်တည်း အကျပဲဖြစ်သွားမှာမဟုတ်ပေမယ့် ဖြစ်လာတဲ့ အတက်အကျ‌တွေမှာ ‌ဖြည်းဖြည်းချင်း အကျဘက်ကိုသာ ပိုဦးတည်သွားမှာပါ။ ဒီ down trend ဟာ buyers တွေကို affordability ပိုတက်လာစေပြီး market မှာအရောင်းအဝယ်နူန်းတွေပိုတက်လာစေမှာဖြစ်ပါတယ်။ 




အိမ်တန်ဖိုးတွေလဲပိုတက်လာမယ် Home Prices တွေဟာ အရင်‌နှစ်တွေကလို တဟုန်ထိုးကြီးတက်သွားတာမျိုးမဟုတ်ဘဲ 2025 တစ်နှစ်တာတစ်လျှောက်မှာ manageable rate 2.5% ပတ်ဝန်းကျင် ကို nationwide အတိုင်းအတာနှင့် တက်သွားမယ်လို့ခန့်မှန်းထားပါတယ်။ Mortgage Rate အကျမှာ ဝယ်သူတွေပိုများလာမယ် ၊ ဒါ့ကြောင့် ရောင်းသူတွေလဲပိုတိုးလာမယ် ၊ ပြီးတော့ တိုးတက်လာတဲ့ အရောင်းအဝယ်ဖြစ်မှုနူန်းတွေကြောင့် အိမ်တန်ဖိုးတွေဟာလဲပိုတက်လာမယ်ဆိုတဲ့သဘောပါပဲ။





နောက်တစ်ချက်က 2025 ဟာ presidential election အပြီး first year ဖြစ်တာကြောင့်မလို့  2024 တုန်းကနိုင်ငံရေးအပြောင်းအလဲကိုစောင့်ကြည့်ပြီး အိမ်အရောင်းအဝယ် မလုပ်သေးတဲ့သူတွေက ဒီ 2025မှာ စပြီးအရောင်းအဝယ်တွေ ပြန်လုပ်ကြပါလိမ့်မယ်။ ဒီအချက်ဟာလဲ ဈေးကွက်မှာ အရောင်းအဝယ်တွေပိုတက်လာစေမယ့် အချက်တစ်ခုပါပဲ။ ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Realtor လက်မှတ် ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page