top of page

Presidential Election တွေအပြီးမှာ ဘာကြောင့်အိမ်အရောင်းအဝယ်တွေပြန်တက်လာတတ်လဲ ?

  • Writer: arkar tm
    arkar tm
  • Nov 6, 2024
  • 1 min read

Updated: Nov 8, 2024


2024 Presidential Election ပြီးဆုံးသွားတဲ့အခါ real estate market မှာဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်သလဲ။ အိမ်အရောင်းအဝယ်တွေ ပြန်တက်လာတော့မှာလား ?



(1) Election Year မှာ အရောင်းအဝယ်တွေနှေးတယ်

ပုံမှန်အားဖြင့် ဆောင်းဦးရာသီအစပိုင်းမှာ အိမ်အရောင်းအဝယ်တွေနှေးသွားတတ်ပြီး Election ရှိတဲ့နှစ်တွေမှာဆိုရင်တော့ ပိုနှေးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ‌က အိမ်ဝယ်တာလိုမျိုး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို election outcome ထွက်လာပြီးတဲ့အချိန်ကြမှ decision ချတတ်ကြလို့ပါ။ လတ်တလောကထုတ်ပြန်တဲ့ Redfin Survey မှာဆိုရင် 23%သော first time buyers တွေက

Election Day ပြီးနောက်ပိုင်းမှ အိမ်ဝယ်ဖို့ စောင့်တတ်ကြတယ်လို့ဖော်ပြထားပါတယ်။



(2) Post-Election ကာလမှာ အရောင်းအဝယ်တွေပြန်တက်တယ်

Historical data တွေရဲ့ဖော်ပြချက်အရ ရွေးကောက်ပွဲအပြီးနောက် တစ်နှစ်အတွင်းမှာ home sales တွေ 82% အထိ တက်လာတတ်ပါတယ်။ Election ကြောင့်မသေချာမှုတွေကွယ်ပျောက်သွားတဲ့အခါမှ လူတွေက စိတ်ချလက်ချနှင့်အိမ်အရောင်းအဝယ်တွေ ပြန်လုပ်ကြတော့လို့ဖြစ်ပါတယ်။



(3) 2025 ခုနှစ်မှာ ဘယ်လိုဖြစ်လာမလဲ

ဒီ Historical Pattern အရဆိုရင် 2025 မှာ အိမ်အရောင်းအဝယ်တွေ တက်လာတော့မှာပါ။ 2024 နှစ်ကုန်ပိုင်းလောက်မှာ 4.6 millions home sales လောက်နှင့် close ဖြစ်မယ်လို့ ခန့်မှန်းထားပြီး ၊ 2025 ခုနှစ်မှာတော့ 5.2 millions လောက်အထိတက်လာမယ်လို့ ‌ခန့်မှန်းထားကြပါတယ်။


ဒါ့ကြောင့် ဒီနှစ်Election Year မှာတော့ အိမ်အရောင်းအဝယ်တွေ short term slowdown ဖြစ်ခဲ့ပြီး နောက်လာမယ့် 2025 ခုနှစ်မှာတော့ အရောင်းအဝယ်တွေ တဟုန်ထိုးတက်လာတော့မှာဖြစ်ပါတယ်။ ဈေးကွက်ပြန်လည်မြင့်တက်လာတော့မှာဖြစ်တဲ့အတွက်ကြောင့် အရောင်းအဝယ်လုပ်ဖို့အတွက်အစီအစဉ်ရှိတယ်ဆိုရင် အခုချိန်ကတည်းက သေသေချာချာပြင်ဆင်ထားသင့်ပါပြီ။ ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Realtor လက်မှတ် ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page