top of page

တရားဝင် အခွန်လျှော့ချနည်း (၁၄)နည်း

  • Writer: Win Myat Thu
    Win Myat Thu
  • Sep 2, 2023
  • 1 min read

ဒီ Articleလေးမှာ တရားဝင်အခွန်လျှော့ချလို့ရတဲ့ နည်းလမ်း ၁၄ခုကို ပြောပြသွားမှာပါ။

ဒီနည်းလမ်းတွေက တစ်နှစ်ကို ဒေါ်လာ ၄သိန်းအောက်ဝင်ငွေရှိတဲ့ သူတွေကို ပြောချင်တာပါ။ အခြား ဥပဒေနဲ့ မညီတဲ့ အခွန်ရှောင်တဲ့နည်းတွေကိုတော့ မသုံးစေချင်ပါဘူး။


1. Commuter Benefits

အလုပ်ကပေးတဲ့ commuter benefitsကို အသုံးချပါ။ ၂၀၂၃မှာ တစ်လကို ဒေါ်လာ ၃၀၀ အထိ ရုံးသွား၊ ရုံးပြန်လုပ်တဲ့ စရိတ်အတွက် အသုံးပြုနိုင်ပါတယ်။ ဒါက တစ်နှစ်လုံးစာဆိုရင် ဒေါ်လာ ၃၆၀၀ အထိ အခွန် လျော့ကျနိုင်ပါတယ်။


2. Retirement Plans

အလုပ်ရှင်ကပေးတဲ့ 401(k) သို့မဟုတ် 403(b) လိုမျိုး ပင်စင်ယူတဲ့ အစီအစဉ်တွေပြုလုပ်ခြင်းကလည်း

ကိုယ့်ရဲ့ ဝင်ငွေအပေါ် ကောက်နိုင်တဲ့ အခွန်ကို လျှော့ချပေးနိုင်ပြီး ပင်စင်အတွက်ပါ စုဆောင်းပြီးသားဖြစ်သွားပါတယ်


3. Health Savings Accounts

ကိုယ့်မှာသာ High-deductible health plan ရှိမယ်ဆိုရင် HSA မှာ ရင်းနှီးမြှုပ်နှံခြင်းကလည်း ကိုယ့်ဝင်ငွေကို အခွန်ကောက်ခံရခြင်းမှလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် HSA ကပေးတဲ့ Medical Expenses တွေက Tax-free ဖြစ်ပါတယ်။


4. Flexible Spending Accounts

FSA က Eligible Healthcare Expenses တွေအတွက် Pre-tax Money အသုံးပြုခွင့်ပေးပါတယ်။

သုံးမလား လက်လွှတ်မလားဆိုတာနဲ့ ပတ်သက်ပြီးတော့တော့ သတိပြုဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အသုံးမပြုတဲ့ Funds တွေက rollover optionသာ မပါရင် ပယ်ဖျက်ပြီးသားဖြစ်သွားမှာပါ။


5. Dependent Care FSA

ကလေးတွေရဲ့ အသုံးစရိတ်အတွက် Dependent Care FSA ကနေ pre-tax funds ကို အသုံးပြုလို့ရပြီး ကလေးနဲ့ မှီခိုသူလူကြီးတွေကိုပါ အကျိုးဖြစ်စေပါတယ်။


6. Capital Losses

စတော့ ဒါမှ မဟုတ် Cryptocurrencies တွေမှာ ငွေကြေးအရှုံးပေါ်တာရှိရင် report တင်သင့်ပြီး အဲ့တာကို Tax လျှော့ချတဲ့နေရာမှာ သုံးနိုင်ပါတယ်။


7. Long-Term Capital Gains

Stocks သို့မဟုတ် Cryptocurrencies တွေက တစ်နှစ်ထက်ပိုကိုင်ထားခြင်းကလည်း Long-term capital gians ဖြစ်စေပြီး အခွန်ကိုလျော့နည်းစေပါတယ်။


8. Review Your 1099-B Tax Form

ပစ္စည်းတွေဝယ်တဲ့အခါ 1099-B Tax Form မှာဖော်ပြတဲ့ Amount တွေ မှန်ကန်မှုရှိမရှိ စစ်ဆေးဖို့လိုပါတယ်။ ပစ္စည်းဝယ်တဲ့အခါဖော်ပြထားတဲ့ ပမာဏမှားသွားတာနဲ့ အခွန်ပိုဆောင်နေရမှာပါ။



9. Margin Interest

Tax Return မှာ Investment Interest Expenses ကို Margin Interest ကနေ နုတ်လိုက်ပါ။



10. Gambling Losses

လောင်းကစားကနိုင်တာတွေကို သေချာ စာရင်းလုပ်ပါ။ လောင်းကစားမှာ ရှုံးတာတွေကလည်း အခွန်ကိုလျှော့ချပေးနိုင်ပါတယ်။


11. Traditional IRA

အလုပ်ခွင်ပြင်ပမှာ Traditional IRA မှာ ပါဝင်ခြင်းဖြင့် အခွန်ကိုလျှော့ချဖို့လုပ်ပါ။


12. 529 Plans

ပညာရေးစုငွေအတွက် 529 Plan မှာ ရင်းနှီးမြှုပ်နှံပါ။ အချို့ ပြည်နယ်တွေမှာ ဒီ အတွက် အခွန်လျှော့ပေးပါတယ်။


13. Fix Your W-4 Payroll Settings

Underpayment Penalties နဲ့ ကိုယ့်ရဲ့ လစာက Withheld လုပ်ထားတာကို သင့်တင့်တဲ့ အခွန်ပေးဖို့အတွက်W-4ဖောင်မှာရှိတဲ့ Withholding ကို ချိန်ညှိပါ။


14. Minimal Rental Use Rule

အိမ်တစ်လုံးကို ၁၄ရက်နဲ့ ၁၄ရက်အောက်ငှားရင် ဝင်ငွေကို အခွန်မကောက်ပါဘူး။


အခွန်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ Accountant တွေနဲ့ တိုင်ပင်ပြီး ဥပဒေနဲ့ ညီတဲ့နည်းတွေကို သုံးခြင်းက ကိုယ့်အတွက်ရေရှည်မှာ အကျိုးများစေပါတယ်။


 
 
 

コメント


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page