top of page

2024 မှာအတိုးနှုန်းနှင့် အိမ်ခြံမြေဈေးကွက် ဘယ်လိုအပြောင်းအလဲရှိမလဲ

  • Writer: Arkar Tin Myint
    Arkar Tin Myint
  • Jun 20, 2024
  • 1 min read



အခုဆိုရင် 2024 နှစ်လယ်ဖြစ်တဲ့ June လကိုရောက်လာပါပြီ ။ Spring Home Selling ကာလကိုလဲကျော်လွန်လာပြီဖြစ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်နှင့် ချေးငွေလောကမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်တယ်ဆိုတာ ပြောပြပေးသွားပါမယ်။

2024 နှစ်အစမှာ Federal Reserve (ဗဟိုဘဏ်)ရဲ့ Chairman က သူတို့သာ Inflation rate ကိုသူတို့လိုချင်တဲ့အတိုင်းအတာအထိ ထိမ်းချုပ်နိုင်မယ်ဆိုရင် အတိုးနှုန်းတွေကိုလျှော့ချပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ် ။ ဒါကြောင့် စီးပွားရေးကျွမ်းကျင်တဲ့ပညာရှင်တွေက 2024 မှာ အတိုးနှုန်းတွေ 3,4 ကြိမ်လောက်တောင်ကျနိုင်ဖွယ်ရာရှိတယ်ဆိုပြီး နှစ်စလောက်မှာခန့်မှန်းထားခဲ့ကြပါတယ် ။ဒါပေမယ့် 2024 မေလအထိမှာတော့ အတိုးနူန်းတွေဟာထင်သလောက်ကျမသွားပဲ 6.8 နှင့် 7.2 ရာနှုန်းမှာဆက်လက်တည်ရှိနေပါတယ်။


နှစ်တစ်နှစ်ရဲ့

1. ငွေကြေးဖောင်းပွမှု့ ( Inflation )

2. လုပ်သားနှင့်အလုပ်လက်မဲ့ဦးရေတွေ ( Labor Market )

3. Cooperates တွေရဲ့ ဝင်ငွေ income amounts

ဆိုတဲ့အချက်တွေကပျမ်းမျှအတိုးနှုန်းတွေကို အပြောင်းအလဲဖြစ်စေတဲ့ တိုက်ရိုက်သက်ရောက်မှု့တွေပါ။ လက်ရှိမှာ ဒီအချက်တွေရဲ့အနေအထားဟာ ဗဟိုဘဏ်မျှော်မှန်းထားတဲ့ အနေအထားကို မရောက်သေးတဲ့အတွက်ကြောင့် 2024 မှာအတိုးနှုန်းတွေဟာသိသိသာသာကျမသွားသေးတာပဲဖြစ်ပါတယ်။ဒါ့ကြောင့်မို့ ပညာရှင်တွေက 2024 နှစ်ကုန်ပိုင်းလောက်မှပဲ အတိုးနှုန်းဟာ 6% - 6.5% လောက်ကျသွားနိုင်မယ်လို့ ခန့်မှန်းချက်အသစ်တွေထုတ်ထားကြပါတယ်။


အိမ်ခြံမြေဈေးကွက်မှာဆိုရင်လဲ 2023 မေလ ကနေ 2024 မေလအထိ ဆိုရင် 5% ဈေးပိုတက်လာတာကိုတွေ့ရပါတယ်။ ဘာလို့အတိုးနှုန်းတွေကျမသွားသေးခင် အိမ်ဈေးတွေကပိုတက်လာရတာလဲဆိုတော့ ပြောင်းလဲနေတဲ့  Affordability နှင့် Supply and Demand ကြောင့်ပါပဲ။


Affordability 

လူတွေရဲ့အိမ်ဝယ်နိုင်တဲ့နူန်းထားဟာ 1980 ကနေစတွက်ကြည့်မယ်ဆိုရင် အခုအချိန်ဟာ အနိမ့်ဆုံးအနေအထားမှာရှိနေပါတယ်။ 


Supply and Demand 

လူအများစုက ဝယ်ဖို့မတတ်နိုင်သေးကြသလို ဝယ်မယ့်သူတွေကလဲ အတိုးနှုန်းတွေကျမယ့်အချိန်ကိုစောင့်နေတာကြောင့် အရောင်း အဝယ်တွေ အေးပါတယ်။ လက်ရှိအိမ်ကိုပြန်ရောင်းပြီးအိမ်အသစ်ပြောင်းဝယ်ချင်တဲ့သူတွေအတွက်ကြတော့လဲ Lock-In Effect လို့ခေါ်တဲ့ အရင်ကအတိုးနှုန်း 4%ရဲ့အောက် နှင့်အိမ်ဝယ်ထားနိုင်ခဲ့ကြပြီး အခုထပ်အရောင်းအဝယ်လုပ်မယ်ဆိုရင် အတိုးနှုန်း 7 to 8% လောက်နှင့်ပြန်ဝယ်ကြမယ့် အနေအထားဆိုတော့ မဝယ်ဖြစ်ကြပြန်ပါဘူး ။


ဒီအချက်တွေကြောင့်မလို့ အခု2024ခုနှစ်မှာ  အိမ်အရောင်းအဝယ်တွေဟာ 2023 တုန်းကထက် 7% ပဲတက်လာတာကိုတွေ့ရပါတယ်။


အရင်တုန်းကဈေးတွေထိုးတက်ခဲ့တဲ့ West Coast ပြည်နယ်‌ တွေ နှင့် Sunbelt ပြည်နယ်တွေ ဖြစ်တဲ့ Texas, Florida , Georgia , Austin ပြည်နယ်ဖက်တွေဟာ အခုမှာတော့ အိမ်အရောင်း Supply တွေအရမ်းများပြီး ဝယ်နိုင်အား Demand တွေနည်းနေတာကြောင့် အိမ်ဈေးနှုန်းတွေဟာ တဖြည်းဖြည်းထိုးကျနေပါတယ် ။


Midwest ဘက်ကမြို့တွေနှင့် Northeast Corridor မှာရှိတဲ့ပြည်နယ်တွေမှာတော့ အိမ်ဈေးတွေကကျမသွား strong ဖြစ်နေဆဲပါ။


လက်ရှိလို အိမ်ဈေးနှုန်းတွေကလဲ နေရာတွေအပေါ်မူတည်ပြီးတက်နေတယ် ၊ Mortgage rate တွေကလဲမကျသေးတဲ့ကာလမျိုးမှာ အိမ်ခြံမြေ investment သမားတွေအတွက် ပိုက်ဆံကိုလက်ငင်းရှာလို့ရမယ့် Flipping Business ကို အသုံးပြုဖို့အသင့်တော်ဆုံးအချိန်လို့ပြောလို့ရပါတယ်။ အိမ်ခြံမြေကို hold ထားမယ် ပြီးတော့  အခု လက်ရှိ ဝင်ငွေ ရချင်တဲ့ အိမ်ငှား လုပ်ငန်း လုပ်ကိုင်ချင်တဲ့ သူတွေ အတွက်တော့ လက်ရှိအနေအထားက တော့ မျှော်လင့် ထားသလို့ ဝင်ငွေ ရဖို့ ခက်ခဲပါလိမ့်မယ်။ 


ဒါမှမဟုတ် ရေရှည်ရင်းနှီး မြှုပ်နှံချင်တဲ့ သူတွေ ငါးနှစ်၊ဆယ်နှစ်လောက် hold ထားမယ် ဆိုတဲ့သူတွေအတွက်ကတော့ ဝယ်ထားဖို့သင့်တော်ပါတယ် ၊ နောင်အချိန်မှာလဲ အတိုးနှုန်းတွေဒီ့ထက်ပိုကျခဲ့ရင် Buyers တွေပိုများလာပြီး demand တက်လာမှာမို့ အိမ်ဈေးတွေကလဲပိုပြီးကောင်းလာပါလိမ့်မယ်။


ဒါကြောင့်မို့ အိမ်ခြံမြေနှင့်ပတ်သက်တဲ့ကိစ္စတွေ ၊ Mortgage နှင့်ပတ်သက်တဲ့ကိစ္စတွေအတွက် ကျွန်မနှင့်အချိန်မရွေးဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။


 
 
 

Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.

Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page