top of page

US မှာ ရွှေ့ပြောင်းနေထိုင်သူတို့အတွက် အလုပ်အကိုင် ရှာဖွေလို့ရနိုင်မယ့် Application နဲ့ Website (၄)ခု

  • Writer: Nan Oo
    Nan Oo
  • Oct 26, 2023
  • 1 min read

အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချသူတွေဟာ အခြေတကျ အလုပ်အကိုင်တစ်ခုနဲ့ ရပ်တည်လို့ အခြေချနိုင်ကြဖို့အတွက် အခက်အခဲရှိကြတာလေးတွေကို တွေ့ရတတ်ပါတယ်


ဈေးကွက်စီးပွားရေးဖြစ်ထွန်းပြီးလုပ်ငန်းကိုင်ငန်းတွေ ပေါတယ်ဆိုပေမယ့် နိုင်ငံရပ်ခြားက ရွှေ့ပြောင်းအခြေချလာသူတွေအနေနဲ့ အလုပ်ရှာကြတဲ့အခါ အလုပ်ကောင်းကောင်းရနိုင်ကြဖို့ဟာ ခက်ခဲလှပါတယ်။


ဒါကြောင့် - အလုပ်ရှာဖွေဖို့အတွက် အထောက်အကူဖြစ်စေဖို့ရာ အလုပ်အကိုင် ရှာဖွေလို့ရနိုင်မယ့် Application နဲ့ Website (၄)ခုအကြောင်းကို ပြန်လည်ဝေမျှပေးသွားပါ့မယ်။


Upwardly Global




ရွှေ့ပြောင်းအခြေချလာသူတွေအနေနဲ့ ဘယ်လောက်ပဲ ကောင်းတဲ့ လုပ်ငန်းအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေနဲ့ အရည်အချင်းတွေရှိနေကြပါစေ - လုပ်ငန်းခွင်စည်းစနစ် တင်းကြပ်သလို တိကျလှပါတဲ့ နိုင်ငံတော်ကြီးမှာကတော့ လုပ်ငန်းလိုအပ်ချက်နဲ့ မဆီလျော်တာ၊ အဆင်မပြေတာတွေဖြစ်နေတတ်ပြီး အလုပ်ခန့်ဖို့ကို ခဲယဉ်းနေတတ်ကြပါတယ်။


ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုပေးနိုင်ဖို့ အခက်အခဲရှိတဲ့ ကျောင်း(သို့)ဘွဲ့လက်မှတ်တို့ကြောင့်လည်း ဖြစ်တတ်ပြီး ဒီလိုအခြေအနေတွေမှာဆိုရင်တော့ ရသင့်ရထိုက်တဲ့ လုပ်ငန်းနေရာတစ်ဆင့်အောက်လျော့လို့ ခန့်ထားလုပ်ကိုင်စေတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။


ဒီလိုအခြေအနေတွေကို ဖြေရှင်းပေးနိုင်တာကတော့ Upwardly Global ပဲဖြစ်ပါတယ် - အရည်အချင်းရှိ ကျွမ်းကျင်အလုပ်သမားတွေကို US လုပ်သားအင်အားစုတစ်ခုအဖြစ် ပေါင်းစည်းဖို့အတွက် ရည်ရွယ်ထားကြသလိုလိုအပ်တဲ့ လေးကျင့်မှု၊ နည်းပြမှု၊ ချိတ်ဆက်မှုများစွာတို့နဲ့အတူ ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကြောင်းတစ်ခုမှာအဆင်ပြေကြစေဖို့ရာ ကူညီထောက်ပံ့ပေးလျက် ရှိနေပါတယ်။


USAHello



တခါတလေမှာ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်းသိကြပါတယ် - ဥပမာအားဖြင့် အသက်မွေးဝမ်းကြောင်းအတွက် ဆွေးနွေးမှုတစ်ခု၊ ဥပဒေရေးရာအတွက် အကြံဉာဏ်တစ်ခုခု စသဖြင့်ပေါ့။ ဒါပေမယ့် ဘယ်နေရာမှာရှိနေတဲ့ ဘယ်သူ့ကို ဘယ်လိုသွားမေးကြမလဲ - ဒီမေးခွန်းတွေအတွက် အဖြေက ဘာဖြစ်မလဲ။


ကျွန်တော့်ကို ကောင်းကောင်းကြီးဖြေပေးနိုင်တာကတော့ USAHello ပဲဖြစ်ပါတယ် - USAHello ဟာ အကျိုးအမြတ်မယူဘဲ ရွှေ့ပြောင်းအခြေချလာသူ၊ ဒုက္ခသည်နဲ့ ခိုလှုံမှုရှာဖွေလာသူတွေကို ကူညီပေးနေတာပဲဖြစ်ပါတယ်။


ဒါ့အပြင် မိတ်ဆွေကစလို့ မိတ်ဆွေရဲ့ ကလေးသူငယ်တွေ ပညာရေးအတွက်၊ အလုပ်ရှာဖို့အတွက်၊ ဥပဒေရေးရာတွေကို နားလည်နိုင်ဖို့အတွက် - လိုအပ်ချက်တွေ အားလုံးကို USAHello ကဖြေရှင်းပေးနိုင်သလို မိတ်ဆွေတို့ရဲ့ နီးစပ်ရာ အရပ်မှာရှိနေတဲ့ အရင်းအမြစ်တိုင်းနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ရာ မိဆွေတို့ရဲ့ ဖုန်းထဲမှာ "FindHello" ဆိုတဲ့မြေပုံလေး ရှိနေဖို့လောက်သာ လိုအပ်တဲ့အထိကို အသေးစိတ်ကျလွန်းလှပါတယ်။


Immigrant Welcome Center




Immigrant Welcome Center ရဲ့ ရည်ရွယ်ချက်ဟာဆိုရင် ရွှေ့ပြောင်းနေထိုင်လာသူတိုင်းရဲ့ ရှင်သန်ရပ်တည်ရေးတို့ကို အဆင်ပြေစေလိုတာဖြစ်သလို ရွှေ့ပြောင်းနေထိုင်လာသူတို့ရဲ့ မိသားစု၊ အသိုင်းအဝန်းတစ်ခုကိုပါ အဆင်ပြေတိုးတက်စေလိုတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Indianapolis အခြေစိုက် ဖွဲ့စည်းထားတဲ့ Immigrant Welcome Center အနေနဲ့ ရွှေ့ပြောင်းနေထိုင်လာသူတိုင်းကို အကျိုးအမြတ်မယူဘဲ အလုပ်အကိုင် ရှာဖွေပေးနေတာဖြစ်သလို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ဖို့အတွက်ကိုလည်း ကြိုးစားချိတ်ဆက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဆိုလည်း မမှားပါဘူး။

ဒါတင်မကသေးဘဲ Indianapolis စာမျက်နှာတစ်လျှောက် များပြားလှတဲ့ အလုပ်အကိုင်အရင်းအမြစ်တွေကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်တဲ့အပြင် COVID-19 နဲ့ပတ်သက်လို့ နောက်ဆုံးပေါ်သတင်းအချက်တို့ကိုပါ လတ်လတ်ဆတ်ဆတ် ဖတ်ရှုနိုင်မယ့် တစ်ခုတည်းသောနေရာလည်း ဖြစ်ပါတယ်။


Twinist



Twinist ဟာ Minnesota အခြေစိုက်ဖြစ်ပြီး Abdu Rahman Mahmud က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Abdu Rahman Mahmud ဟာ ဆိုမာလီယာကနေ အမေရိကန်ကို ပြောင်းရွှေ့လာခဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် သူအလုပ်ရှာခဲ့ရတဲ့ အတွေ့အကြုံတချို့ကိုလည်း ပြန်လည်ဝေမျှထားပါသေးတယ်။

Twinist မှတစ်ဆင့် အလုပ်အကိုင်ရှာဖွေပေးခြင်းတို့အပြင် စေတနာ့ဝန်ထမ်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်လာသူများအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။


ဆိုတော့ - ဒီလိုမျိုး အထောက်အကူဖြစ်စေလောက်မယ့် အကြောင်းအရာတွေကို စဉ်ဆက်မပြတ် ကြိုးစားလို့ ဝေမျှပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Page ကို Like & Follow လုပ်ရင်း စောင့်ကြည့်ပေးကြပါဦးဗျ - နောက်အခါတွေမှာ မတူညီတဲ့အကြောင်းအရာတွေနဲ့အတူ ပြန်ဆုံပါဦးမယ်ခင်ဗျာ။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page