top of page

အိမ်ရောင်းတော့မယ်ဆိုရင် အဓိကထားပြင်ဆင်ရမယ့် နေရာ 5 ခု

  • Writer: arkar tm
    arkar tm
  • 12 hours ago
  • 1 min read

အိမ်ရောင်းတော့မယ်ဆိုရင် ဝယ်သူရဲ့ First Impression ကောင်းဖို့ကအရေးအကြီးဆုံးပါ။ အိမ်ဝယ်သူတွေဟာ အိမ်ရဲ့ condition, functionality နှင့် အိမ်ရဲ့ဆွဲဆောင်မှုကို ဆုံးဖြတ်ဖို့အတွက် အဓိက စစ်ဆေးကြည့်ရှု့တတ်တဲ့ နေရာငါးခုရှိပါတယ်။ ဒီနေရာတွေကဘာတွေလဲဆိုတာနှင့် ဒီနေရာတွေကိုပြင်ဆင်ပြီးအိမ်ရောင်းချရင် ဘယ်လို Return Of Investment (ROI) တွေရရှိနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။


(1) မီးဖိုခန်း

Kitchen Room ဟာ အိမ်တစ်လုံးရဲ့ အရေးကြီးဆုံးအပိုင်းပါ။  ဝယ်သူတွေဟာ အိမ်ရဲ့ မီးဖိုခန်းမှာ modern appliances တွေပါလား၊ ပစ္စည်းတွေတင်ဖို့ counter space တွေကျယ်ကျယ်ရှိလား၊ သန့်ရှင်းသပ်ရပ်မှု့ရှိလားတွေကို ကြည့်တတ်ပါတယ်။ သေချာ update ပြုလုပ်ထားတဲ့ Kitchen ဟာ အိမ်ရဲ့တန်ဖိုးနှင့် ဝယ်သူတွေရဲ့ desires တွေကိုတိုးစေတာမို့ အိမ်ရောင်းထွက်သွားတဲ့အခါမှာ upgrade cost ရဲ့ ROI 70% to 85% အမြတ်ပြန်ရနိုင်ပါတယ်။



(2) ရေချိုးခန်းများ

နောက်ထပ်အဓိက ဝယ်သူတွေ သတိထားပြီး ကြည့်တဲ့ နေရာတစ်ခုကတော့တစ်ခုကတော့ ရေချိုးခန်းတွေပါ။ ဝယ်သူတွေက အနံအသက်ကင်းပြီး သန့်ရှင်းသပ်ရပ်တဲ့၊ အလင်းရောင်ကောင်းကောင်းရတဲ့ ရေချိုးခန်းမျိုးတွေကို လိုချင်ကြတယ်။ ဒါကြောင့် ရေချိုးခန်းကြွေပြားအသစ်လဲတာ နှင့် ရေပိုက်ခေါင်းအသစ်တွေလဲတာမျိုး update အသေးလေးတွေကတောင်မှ ဝယ်သူဆွဲဆောင်မှုကိုအများကြီး တိုးလာစေပါတယ်။ ကြွေပြား အသစ်လည်းတာ ကြွေပြား ကြားထဲက grout တွေကို သန့်ရှင်းပေးခြင်း အသစ် ပြန်လည် လဲပေးခြင်းက ဝယ်သူတွေ နှစ်သက်စေတယ်။ ရေချိုးခန်းပြုပြင်မှုဟာ အိမ်ရောင်းရရင် ကိုယ့် bathroom update cost ရဲ့ ROI 70% လောက်အထိ အမြတ်ပြန်ရစေနိုင်ပါတယ်။



(3) ဧည့်ခန်း

ဧည့်ခန်းရဲ့ အပြင်အဆင် အနေအထားဟာ အိမ်တစ်ခုလုံးရဲ့ mood နှင့် tone ကိုပြောင်းလဲစေပါတယ်။ ဝယ်သူတွေက ဧည့်ခန်းရဲ့အကျယ်၊ သဘာဝအလင်းရောင်ဝင်ရောက်မှု နှင့် သန့်ရှင်းသပ်ရပ်မှုကို သေသေချာချာကြည့်တတ်ကြတယ်။ ဒါကြောင့် ဧည့်ခန်းကို ကြမ်းခင်း အသစ်နှင့် မီးသီးမီးချောင်းအသစ်တွေလဲတာ ၊ cost သိပ်မများတဲ့ furniture အသစ်တွေပြန်လဲထားတာတွေက ဝယ်သူတွေအတွက်အမြင်ပိုလှစေပြီးတော့ ROI ရဲ့ 60% to 70% လောက်ပြန်ရရှိစေနိုင်ပါတယ်။ 



(4) အိပ်ခန်းများ

အိပ်ခန်းတွေအတွက် အိမ်ဝယ်သူတွေ closet နေရာကျယ်ကျယ်၊ အလင်းရောင်ကောင်းကောင်း နှင့် comfortable ဖြစ်တဲ့အနေအထားကို လိုချင်တတ်ကြပါတယ်။ ဒါကြောင့် အိပ်ခန်းတွေကို သင့်တော်တဲ့ဆေးအရောင်အသစ်ပြန်သုတ်တာ ၊ ပိုကျယ်တဲ့ closet နှင့် မီးသီးမီးဆိုင်း အသစ်တွေတပ်ဆင်ပေးတာတွေက ဝယ်သူတွေကို ပိုသဘောကျစေပြီး ROI 50% to 60% လောက်ပြန်ရစေနိုင်ပါတယ်။



(5) အိမ်မျက်နှာစာ Curb Appeal

အိမ်ရဲ့တကယ့် first impression က အိမ်ရဲ့မျက်နှာစာကနေ စတင်ပါတယ်။ အိမ်လာကြည့်တဲ့သူတွေက ပထမဆုံး အိမ်ရဲ့ သန့်ရှင်းသပ်ရပ်ပြီး ခြုံနွယ်တွေမရှိတဲ့ မြက်ခင်းကောင်းကောင်းနှင့် ၊ ဆေးအသစ်သုတ်ထားတဲ့ ခြံစည်းရိုး၊တံခါးနှင့်ပြတင်းပေါက်တွေ - အစရှိတယ့် အချက်တွေကို မြင်လိုက်မယ်ဆိုရင် အိမ်ရဲ့ first impression ကောင်းကောင်းကို သူတို့ရသွားပါလိမ့်မယ်။ ဒါကြောင့် အိမ်ရဲ့အပြင်ဖက်ကို Landscaping လုပ်ပေးထားခြင်း ခြံနှင့်တံခါးတွေကို ဆေးအသစ်သုတ်ပေးထားခြင်း အိမ်အပြင်မှာ မီးသီး မီးလုံး အသစ်တွေ တပ်ဆင်ပေးခြင်း က အိမ်ကို ဈေးကောင်းကောင်းနှင့်ရောင်းထွက်စေဖို့ အထောက်အကူဖြစ်ပြီး  ရင်းနှီးရတဲ့ကုန်ကျစရိတ်ရဲ့ ROI 80% to 100% အထိကို ပြန်ရစေနိုင်ပါတယ်။



ဒါကြောင့်အိမ်ရောင်းတော့မယ်ဆိုရင် ဒီ အဓိကနေရာ ငါးခု ကို ဦးစားပေးပြုပြင်မွမ်းမံပါ။  ကိုယ့်ရဲ့ ပြုပြင်မွမ်းမံမှုကိုကုန်ကျစရိတ် သက်သာစေပြီး ဝယ်သူတွေ အတွက် ဆွဲဆောင်မှု ရှိစေပါတယ်။ 

အကောင်းဆုံးကတော့ အမြဲပြောင်းလဲနေတဲ့ Local Trends တွေနှင့် Buyers Trends တွေကို ကျွမ်းကျင်တဲ့ Real Estate Agent တစ်‌ယောက်နှင့်အရင်တိုင်ပင်ကြည့်တာက ပိုပြီး ကောင်းပါတယ်။ တကယ်လို့ ကိုယ်နေတဲ့ နေရာမှာ ကျွမ်းကျင်တဲ့ Agent တွေနဲ့ အဆက် အသွယ်လို ချင်ရင်တော့ ကျွန်မကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page