top of page

အိမ်တန်ဖိုးကိုမြှင့်နိုင်မယ့် အချက် ( ၅ )ချက်

  • Writer: Win Myat Thu
    Win Myat Thu
  • Mar 11, 2024
  • 2 min read

အခုချိန်မှာ သင်က သင့်အိမ်မှာပဲနေရတာကြိုက်ပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျ အိမ်ရောင်းဖို့ တွေးဖြစ်ခဲ့ရင် သင့်အိမ်တန်ဖိုးကို မြင့်နေစေချင်နိုင်ပါတယ်။ 


အိမ်ရောင်းတဲ့ သူတော်တော်များများအဓိကဦးစားပေးတာကတော့ သူတို့အိမ်ကို ဈေးများများနဲ့ရောင်းနိုင်ဖို့ပါ။ ဝယ်သူဘက်ကလည်း အိမ်ကောင်းကောင်းတစ်ခုကို ဈေးကြီးပေးဝယ်ချင်ပါတယ်။


အိမ်တန်ဖိုးတွေက အချိန်နဲ့အမျှတက်နေပေမယ့် home appreciation ကတော့ အဲ့လိုမဟုတ်ပါဘူး။ အဲ့တော့ ဈေးကောင်းရပြီး တန်ဖိုးမြင့်စေတဲ့ upgrade တွေကို သင့်အနေနဲ့ သင့်အိမ်မှာပြုပြင်လို့ရပါတယ်။


ဒါပေမယ့် upgrade လုပ်ထားသမျှဟာအကုန်လုံးက ဈေးကောင်းရမယ်လို့ပြောလို့မရပါဘူး။ အဲ့တာကြောင့် သင်သုံးလိုက်တဲ့ အချိန်နဲ့ငွေတွေ အလကားမဖြစ်သွားအောင် ရှင်းပြပေးပါမယ်။ Upgrade တွေလုပ်ဖို့အတွက် ကုန်ကျငွေကိုဘယ်လိုရှာရမလဲဆိုတာပါပြောပြပေးပါမယ်။


Home Upgrading က အိမ်တန်ဖိုးမြင့်စေနိုင်မယ့် အမြန်ဆုံးနည်းလမ်းထဲက တစ်ခုပါ။ ဒါပေမယ့် upgrade တစ်ခုနဲ့တစ်ခုမတူပါဘူး။ မြေအောက်ခန်းပုံစံပြောင်းတာ မီးဖိုခန်းတို့ ရေချိုးခန်းတို့ကို ပြုပြင်မွန်းမံတာတွေက အိမ်တန်ဖိုးအပေါ်ပိုပြီး သက်ရောက်မှုရှိတာပါ။ 


အဲ့တော့ အိမ်တန်ဖိုးကို အများကြီးတက်စေမယ့် အချက် ၅ ချက်ကိုပြောပြပေးပါမယ်။ 


၁။ Livable Square Footage ထပ်တည့်တာ။ 


Livable square footage ထည့်တာက အိမ်တန်ဖိုးတက်စေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ တစ်ခါတစ်လေမှာ အိမ်ဘယ်လောက်ကျယ်လဲပေါ်မူတည်ပြီး ဈေးဖြတ်တဲ့အတွက် အိမ်ကြီးလေ ဈေးကောင်းပိုရလေပါ။


National Association of Realtors (NAR) အရ နေရာအကျယ်အဝန်း 1,000 စတုရန်းပေ ဆိုရင် အိမ်တန်ဖိုး 3.3% ထိတက်နိုင်ပါတယ်။


သင့်အနေနဲ့ အခန်းထပ်တိုးချဲ့တာ ထပ်ခိုးတို့မြေအောက်ခန်းတို့ကို ပြင်ဆင်တာတွေလုပ်ပြီး livable square footage တိုးလို့ရပါတယ်။


၂။ Energy-efficient upgrades တွေလုပ်ပါ။ 


စွမ်းအင်ချွေတာတဲ့ upgrades တွေထည့်တာက အိမ်တန်ဖိုးတက်စေတဲ့အပြင် မီတာခ ရေခသက်သာစေပြီး carbon footprint ကိုလျော့ချပေးနိုင်ပါတယ်။


ဒီလို upgrade တွေလုပ်ထားတာဟာ ဝယ်သူကို ဈေးပိုပြီးပေးဖို့ ဆွဲဆောင်နိုင်ပါတယ်။ National Association of Home Builders အရ ဝယ်သူတွေက တစ်နှစ်အထွေထွေအသုံးစရိတ် $1000သက်သာမယ်ဆိုရင် အိမ်ဈေးကို $9,000 လောက်ထိပိုပေးချင်ပါတယ်။  


ပေါ်ပြူလာဖြစ်တဲ့ energy-efficient upgrades တစ်ချို့ကတော့

Modern Furnace and HVAC System

Tankless water heaters

ပစ္စည်းအဟောင်းတွေကို စွမ်းအင်သက်သာစေမယ့် ပစ္စည်းနဲ့လဲခြင်း

ပြတင်းပေါက်အသစ်

အပူပေးစက်အသစ်

Solar Panels


၃။ ခြံဝန်းအသွင်အပြင် (curb appeal) ကို မွန်းမံခြင်း


ဝယ်သူက သင့်အိမ်ကို ပထမဆုံးမြင်မယ့်အချိန်ဟာ အပြင်ကနေ စမြင်တာပါ။ First Impressions ဆိုတာအရေးကြီးတယ်မလား? Curb appeal ကောင်းမွန်တဲ့ အိမ်က တခြားအိမ်တွေထက် ပျမ်းမျှ 7% လောက် ပိုရောင်းကောင်းပါတယ်။ 


သင့်အိမ်ရဲ့ curb appeal ကိုပြောင်းလဲစေနိုင်တဲ့ နည်းလမ်းတွေကတော့


ဥယျာဉ်ခင်းကျင်းမှူ

အမှိုက်တံခါးလဲခြင်း

အိမ်ရှေ့တခြားအသစ်ပြောင်းခြင်း

Outdoor lighting တပ်ခြင်း

ပြတင်းပေါက်ထည့်ခြင်း

 ထိခိုက်ထားတဲ့နေရာများမွန်းမံခြင်း

ဆေးသုတ်ခြင်း


၄။ မီးဖိုးခန်း/ရေချိုးခန်း ပြုပြင်ခြင်း


Kitchen remodel လုပ်ရင် အိမ်ဈေးကို ပြုပြင်ခရဲ့ 60%-80% လောက်တက်စေနိုင်ပြီးတော့ ရေချိုးခန်းပြင်တာကလည်း ကိုယ်ပေးလိုက်ရတဲ့ ဈေးရဲ့ 67% လောက်ကိုပြန်ရနိုင်ပါတယ်။


သင်လုပ်နိုင်မယ့် kitchen upgrades တွေကတော့

မီးဖိုးချောင်သုံးပစ္စည်းအသစ်လဲခြင်း

အံဆွဲလက်ကိုင်လဲခြင်း

ကြွေပြားလဲခြင်း

Countertops လဲခြင်း


Bathroom Upgrades တွေကတော့

ကြမ်းခင်းလဲခြင်း 

ဘေစင် ၊ ရေပန်း လဲခြင်း

အံဆွဲထည့်ခြင်း

ရေချိုးကန်လဲခြင်း


၅။ ဆေးအသစ်သုတ်ခြင်း


ဈေးကောင်းကောင်းနဲ့အိမ်ရောင်းချင်တဲ့သူတွေက ဈေးကွက်ပေါ်တင်မရောင်းကို ဆေးအသစ်ပြင်သုတ်ကြပါတယ်။


ဆေးအသစ်တင်လိုက်တာဟာ အိမ်ဈေးတက်ဖို့ သက်သာတဲ့နည်းလမ်းကောင်းတစ်ခုပါပဲ။ 


အဖြူ၊ မီးခိုးတို့လို တည်ငြိမ်တဲ့အရောင်ကိုရွေးပါ။ ဒါမှ ဝယ်သူက ဆေးအရောင်ထက် အိမ်ကိုပိုအာရုံရောက်နိုင်မှာပါ။


Renovations လုပ်ဖို့ငွေဘယ်လိုရှာရမလဲ?


တစ်ချို့ပြင်ဆင်မှူတွေက ငွေကုန်ကြေးကျများနိုင်ပြီး တစ်ချို့ကသိပ်မကုန်နိုင်ပါဘူး။ 


သင်ငွေသားမပေးချင်ရင် တခြားနည်းနဲ့ ပြင်ဆင်လို့ရမယ့် နည်းလမ်းတွေကိုပြောပြပေးပါမယ်။


Home Equity Loan: Loan to value (LTV) ratio 85% အောက်မှာဆိုရင် home equity ပေါ်မူတည်ပြီး ငွေချေးလို့ရပါတယ်။ အတိုးနှုန်းနည်းပေမယ့် ဘဏ်အကောင့်ထဲ ငွေရောက်ဖို့ နည်းနည်းကြာပါတယ်။


Home Equity Line of Credit (HELOC): HELOC ဆိုတာက အတိုးနှုန်းနည်းပြီး လိုသလောက်ငွေထုတ်ယူလို့ရတဲ့ credit တစ်မျိုးပါ။ Home Equity Loan လိုပဲ သတ်မှတ်ထားတဲ့ LTV ratio ရှိဖို့လိုပါတယ်။


Cash-out Refinance: သင့်မှာရှိပြီးသား mortgage ကို mortgage အသစ်ထပ်တိုးထည့်လိုက်တာပါ။ ပြီးရင် mortgage နှစ်ခုကြား ကွာနေတဲ့ ပမယဏကို ပေးရတာပါ။ ဒီနည်းက အနည်းငယ်ကြာပေမယ့် home equity ထုတ်ဖို့ ကောင်းမွန်တဲ့နည်းလမ်းပါ။


Personal Loan: ခုနကပြောပြသွားတဲ့နည်းတွေထက် အတိုးနှုန်းများပေမယ့် သင့်အသုံးပြုချင်တဲ့နေရာအကုန်အတွက် သုံးခွင့်ရှိပါတယ်။


Credit Card: အိမ်ပြင်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းဆိုပေမယ့် အတိုးနှုန်းအလွန်မြင့်မားပါတယ်။ Limit လည်းရှိတဲ့အတွက် အကုန်မသုံးမိဖို့ အရေးကြီးပါတယ်။


သင့် budget နဲ့ timeline ကဘာလဲ?


သင့်အိမ်မှာ solar panel အသစ်တွေ ကြမ်းခင်းအသစ်တွေနဲ့ ဗီဒိုတွေမထည့်ခင် သင့်ရဲ့ budget နဲ့ timeline ကိုစဉ်းစားပါ။ အိမ်ဘယ်ချိန်မှာရောင်းချင်တာလဲ? Upgrades တွေအတွက်ငွေဘယ်လောက်သုံးနိုင်လဲ? Renovations တွေက အချိန်ဘယ်လောက်ကြာမှာလဲ?


ဒီစာတွေရဲ့ အဖြေကို သေချာသိမှ မှန်ကန်တဲ့ budget နဲ့ timeline ဆွဲနိုင်မှာဖြစ်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page