Disability Benefits အကြောင်း
- Win Myat Thu
- Oct 30, 2023
- 1 min read
Disability Benefits ဆိုတာဘာလဲ?
Social Security Disability Insurance (SSDI) နဲ့ Supplemental Security Income (SSI) Programs တွေက Disability Requirementsနဲ့ ကိုက်ညီတဲ့ လူတွေကို ပဲ ပေးတာပါ။
Disability Benefits အကြောင်း
SSDI Program တွေက အာမခံ ဝယ်ထားမှသာ ကိုယ့်မိသားစုဝင်တွေအတွက် အကျိုးခံစားခွင့်ရတာပါ။ အဓိပ္ပာယ်ကတော့ အလုပ်အကြာကြီးလုပ်ပြီး Social Security အခွန်တွေကို ဝင်ငွေထဲက ပေးထားရမယ်လို့ ဆိုလိုတာပါ။ ဒီ SSI Program က အရွယ်ရောက်ပြီးသားသူတွေနဲ့ ကလေးတွေဟာ Disability အတွက် Qualify ဖြစ်ပြီး အချက်အလက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် အကျိုးခံစားခွင့်ရနိုင်ပါတယ်။
ဒီ Programs နှစ်ခုက မတူပေမယ့် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်တွေကတော့ အတူတူပါပဲ။ ဆေးနဲ့ မသက်ဆိုင်တဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး တစ်နှစ်ကြာအထိ အနားယူရမယ့် ကျန်းမာရေး အခြေအနေမျိုးရှိနေရင် သို့မဟုတ် သေလုမျောပါးဖြစ်ခဲ့ဖူးရင်လည်း လစဉ်ခံစားခွင့်တွေရှိပါတယ်။
Disability Application Process
ဒီခံစားခွင့်ကို Online သို့မဟုတ် လူကိုယ်တိုင် သို့မဟုတ် ဖုန်းနဲ့ တဆင့် လျှောက်လို့ရပြီး ဒီ Disability Benefits application process မှာ အောက်ကပြောထားတဲ့ အဆင့်တွေပါဝင်ပါတယ်။
သင်က အချက်အလက်တွေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အရင် စုဆောင်းရပါမယ်။ Adult Disability Checklist ကို Print ထုတ်ပြီး Review လုပ်သွားဖို့ လိုပါတယ်။ အဲ့ဒါက သင့်ကို လိုအပ်တဲ့ အချက်အလက်နဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ အကူအညီဖြစ်စေပါတယ်။
လိုအပ်တဲ့ အချက်အလက်တွေစုံပြီဆိုရင်တော့ လျှောက်လွှာတင်ပါ။
သင့်ရဲ့ လျှောက်လွှာက Disability Benefits ရဲ့ အခြေခံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးပါတယ်။
ဒီအချက်အလက်ခံစားခွင့်ရဖို့ဆို နှစ်အတော်ကြာတော့ အလုပ်လုပ်ထားဖို့ လိုပါတယ်။
အလုပ်နဲ့ ပတ်သက်ပြီး ဘယ်လို Activities တွေရှိရှိ စစ်ဆေး အကဲဖြတ်ပါလိမ့်မယ်။
သင့်ရဲ့ လျှောက်လွှာကို စစ်ဆေးပြီး သင်လက်ရှိနေတဲ့ ပြည်နယ်က Disability Determination Service ရုံးကို ပို့ပေးမှာပါ။
ဒီ ပြည်နယ်အေဂျင်စီတွေက ပေးသင့် မပေးသင့်ကို ဆုံးဖြတ်မှာပါ။
လျှောက်ပြီးရင် ဘာဆက်ဖြစ်မလဲ?
ဒီခံစားခွင့်ကို လျှောက်တဲ့အခါ ထိခိုက်မှု၊ လိုအပ်တဲ့ ဆေးခန်းပြထားတဲ့ သက်သေတွေ (သို့မဟုတ်) ဆေးစစ်ချက်တွေအပေါ် မူတည်ပြီး ခံစားခွင့်ကျတာ ကွာပါတယ်။
လျှောက်လွှာတွေလက်ခံရရှိပြီးတာနဲ့ သက်ဆိုင်ရာကနေ သင့်ကို မေးခွန်းတွေမေးစရာရှိရင်ဆက်သွယ်ပါလိမ့်မယ်။ စာရွက်စာတမ်းလိုအပ်ချက်တွေကိုလည်း ထပ်တောင်းရင်ပို့ပေးရပါလိမ့်မယ်။
အဲ့ဒီနောက်မှာတော့ ပေးသင့်မပေးသင့် ဆုံးဖြတ်ပြီးတဲ့အခါ ရလာဒ်ကို Mail နဲ့ လက်ခံရရှိပါလိမ့်မယ်။ များသောအားဖြင့် ဆုံးဖြတ်ချက်ချဖို့ သုံးလကနေ ခြောက်လအထိတော့ ကြာတတ်ပါတယ်။ အခြား မိသားစုဝင်တွေရဲ့ အချက်အလက်တွေပါရင်တော့ သူတို့အနေနဲ့ သင့်ရဲ့ မှတ်တမ်းထဲကနေ အကျိုးခံစားခွင့် ရနိုင်ပါတယ်။
ရမရဘယ်လို စစ်ဆေးမလဲ?
ကိုယ့်ရဲ့ Social Security Account ကို Online ကနေတဆင့်ဝင်ပြီးတော့လည်း ခံစားခွင့် ရမရကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ Online ကစစ်တဲ့အခါ တစ်စုံတစ်ရာ အခက်အခဲဖြစ်ရင် 1-800-772-1213 (TTY 1-800-325-0778)ကို တနင်္လာကနေ သောကြာအထိ မနက် ၈နာရီကနေ ည ၇နာရီအတွင်း ဆက်သွယ်နိုင်ပါတယ်။
အငြင်းခံရရင် ဘယ်လိုလုပ်မလဲ?
တကယ်လို့ အငြင်းခံရရင်တော့ အယူခံလွှာကို ရက်(၆၀)အတွင်းမှာ ပြန်တင်နိုင်ပါတယ်။
Comments