၂၀၂၆ မှာ ပထမဆုံးအိမ်ဝယ်မယ့်သူတွေအတွက် အထူးအခွင့်အရေးများ
- 1 hour ago
- 1 min read

ပထမဆုံးအိမ်ဝယ်ယူဖို့ ပြင်ဆင်နေသူတွေအတွက် "Down Payment ဘယ်လိုစုရမလဲ" ဆိုတာက အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်မှာတော့ အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဝယ်ယူသူတွေ အိမ်ပိုင်ဆိုင်ခွင့် ပိုမိုလွယ်ကူစေဖို့ အစီအစဉ်သစ်တွေ အများကြီး ချမှတ်ထားပါတယ်။ ကိုယ်က ပထမဆုံးအိမ်ဝယ်မယ့်သူဆိုရင် လက်လွတ်မခံသင့်တဲ့ အထောက်အပံ့တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Down Payment အထောက်အပံ့ အစီအစဉ်များ (DPA)
အခုဆိုရင် ပြည်နယ်တော်တော်များများမှာ Down Payment အတွက် ငွေလုံးအရင်းမရှိသူတွေကို ကူညီပေးတဲ့ Down Payment Assistance (DPA) အစီအစဉ်တွေ ရှိနေပါတယ်။
· Grants: ဒါကတော့ ပြန်ဆပ်စရာမလိုတဲ့ ထောက်ပံ့ငွေပါ။
· Forgivable Loans: အိမ်မှာ သတ်မှတ်ထားတဲ့ နှစ်အတော်ကြာအောင် (ဥပမာ- ၅ နှစ် သို့မဟုတ် ၁၀ နှစ်) နေထိုင်မယ်ဆိုရင် အကြွေးပြန်ဆပ်စရာ မလိုတော့တဲ့ ချေးငွေမျိုးပါ။
· Low-interest Second Mortgages: Down Payment အတွက် အတိုးနှုန်းအနည်းဆုံးနဲ့ သီးသန့်ထုတ်ပေးတဲ့ ချေးငွေမျိုး ဖြစ်ပါတယ်။

၂။ ၂၀၂၆ ခုနှစ်အတွက် အထူးအိမ်ချေးငွေ အစီအစဉ်များ
ပထမဆုံးအိမ်ဝယ်သူတွေအတွက် သတ်မှတ်ထားတဲ့ အထူးချေးငွေတွေကတော့ -
· FHA Loans: Credit Score နည်းနည်းနိမ့်နေသူတွေနဲ့ Down Payment ၃.၅% ပဲ ပေးနိုင်သူတွေအတွက် အဆင်ပြေဆုံးပါ။
· Conventional 97: Down Payment ၃% ပဲ ပေးရပြီး ကျန်တာကို ဘဏ်ကနေ ချေးပေးတဲ့ အစီအစဉ်ပါ။
· VA & USDA Loans: ကိုယ်က စစ်မှုထမ်းဟောင်း (သို့မဟုတ်) ကျေးလက်ဒေသမှာ ဝယ်ယူမယ့်သူဆိုရင် Down Payment ၀% (လုံးဝပေးစရာမလိုဘဲ) ဝယ်ယူနိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။

၃။ အခွန်သက်သာခွင့်များ (Tax Credits)
၂၀၂၆ မှာ အစိုးရက ပထမဆုံးအိမ်ဝယ်သူတွေကို အားပေးတဲ့အနေနဲ့ First-Time Homebuyer Tax Credit တွေကို ပြန်လည်တိုးမြှင့်ပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒါဟာ အိမ်ဝယ်ပြီးတဲ့အခါမှာ ကိုယ့်ရဲ့ ဝင်ငွေခွန်ထဲကနေ ဒေါ်လာထောင်ချီပြီး ပြန်လည်ခုနှိမ်နိုင်မယ့် အခွင့်အရေးပါ။ ဒါ့အပြင် အချို့ပြည်နယ်တွေမှာ Mortgage Credit Certificate (MCC) ကို အသုံးချပြီး နှစ်စဉ်ပေးနေရတဲ့ အိမ်ချေးငွေအတိုးတွေထဲကနေ အခွန်ပြန်အမ်းငွေ ရယူနိုင်ပါသေးတယ်။

၄။ အိမ်ဝယ်ယူစရိတ် (Closing Costs) အတွက် အထောက်အပံ့
အရင်ကတော့ Closing Costs တွေကို ကိုယ်တိုင်ပဲ စိုက်ထုတ်ရတာ များပါတယ်။ ဒါပေမဲ့ ၂၀၂၆ မှာတော့ အစိုးရရဲ့ အစီအစဉ်အချို့က Down Payment တင်မကဘဲ Closing Costs တွေအတွက်ပါ ကူညီပေးနေပါတယ်။ ဒါ့အပြင် အိမ်ရောင်းသူ (Seller) ဆီကနေလည်း ၃% ကနေ ၆% အထိ ကူညီစိုက်ထုတ်ပေးဖို့ ညှိနှိုင်းနိုင်တဲ့ အခွင့်အရေးတွေ ရှိလာပါတယ်။

ပထမဆုံးအိမ်ဝယ်ယူတာဟာ စိတ်လှုပ်ရှားဖို့ကောင်းသလို ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီး လိုအပ်ပါတယ်။ဒါကြောင့် ကိုကအိမ်ဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ဒေသမှာ ဘယ်လိုအစိုးရအထောက်အပံ့တွေ ရှိသလဲဆိုတာကို သေသေချာချာ စုံစမ်းဖို့ လိုပါတယ်။
ဒီအထောက်အပံ့တွေက ကိုယ့်ရဲ့ ဝင်ငွေ (Income Level) နဲ့ Credit Score အပေါ်မှာ မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ကိုယ့်ရဲ့ အခြေအနေနဲ့ ဘယ်အစီအစဉ်က အကိုက်ညီဆုံးဖြစ်မလဲဆိုတာကို အခမဲ့ တွက်ချက်ဆွေးနွေးချင်ရင်တော့ ကျွန်မဆီကို အချိန်မရွေး ဖုန်းဆက်လိုက်ပါ။



Comments