top of page

အိမ်ဆိုတာ တန်ဖိုးအကြီးဆုံး ရင်းနှီးမြုပ်နှံမှုပါ။

  • Writer: Win Myat Thu
    Win Myat Thu
  • Apr 7, 2024
  • 1 min read

2023 ဝင်ခါနီးမှာ အိမ်ခြံမြေဈေးကွက်ကျစေနိုင်မယ့် recession အကြောင်းအပြောများခဲ့တာပါ။ တစ်ချို့ မီဒီယာတွေမှာ အိမ်တန်ဖိုး ၁၀%-၂၀% ထိကျမယ်ဆိုပြီး ပြောလာတာကြောင့် သင့်အနေနဲ့ အိမ်ဝယ်သင့်မသင့် တွေဝေခဲ့မိမှာပါ။ 


ဒါပေမယ့် လက်တွေ့မှာတော့ အိမ်တန်ဖိုးက ပုံမှန်ထက်မြင့်တက်သွားတာပါ။ S&P Dow Jones က head of commodities ဖြစ်သူ Brian D.Luke က "2023 ကိုပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်းက ပျှမ်းမျှနှစ်စဉ်အိမ်ဈေးတက်နှုန်းထက် ပိုသာနေတာကိုတွေ့ရမှာပါ" ဆိုပြီးပြောခဲ့တာပါ။ 


အရင်နှစ်တွေအကြောင်းပြောပြဖို့ဆိုရင် 1980 ကနေ 2023 ခုနှစ်အထိ အိမ်ဈေးကွက် ဘယ်လိုပြောင်းလဲလာလဲဆိုတာကို ပြသထားတဲ့ Fredie Mac ရဲ့ ဇယားကိုကြည့်ကြည့်ပါ။ အစက်အပျောက်လိုင်းတွေက appreciation အတွက်ရေရှည်ပျမ်းမျှကိုပြတာပါ။



Forbes ရဲ့ ဆောင်းပါးတစ်ခုအရ "..... U.S ရဲ့ အိမ်ခြံမြေဈေးကွက်က အချိန်ကြာလာတာနဲ့ မြင့်တက်လာတဲ့ သမိုင်းရှိခဲ့တာပါ" ဆိုတာကို မမေ့သင့်ပါဘူး။


တကယ်တမ်းဆိုရင် အိမ်ဈေးတွေကျခဲ့တဲ့ တစ်ခုတည်းသောအချိန်ဟာ အိမ်ရာဈေးကွက်တွေပြိုလဲခဲ့တဲ့ အချိန်ပါ။ ဒါပေမယ့် ယနေ့ ဈေးကွက်တွေကတော့ 2008 ခုနှစ်ကလိုမဟုတ်တော့ပါ။ ဥပမာအနေနဲ့ဆို ခုချိန်မှာ ဝယ်သူနဲ့ ရောင်းနိုင်တဲ့ အိမ်မမျှပါဘူး။ ဒါ့အပြင် အိမ်ပိုင်ရှင်တွေက equity တွေအများကြီးရှိတဲ့အတွက် အရင်ထက်စာရင် ခုအခြေပိုခိုင်တာပါ။ ဒါကြောင့် အိမ်ဈေးကျနိုင်တဲ့ အခြေအနေမျိုးဖြစ်မလာနိုင်ပါဘူး။


အိမ်ဈေးက အနီရောင်ဘား ၄ ခုပဲလွဲပြီး နှစ်တိုင်းဈေးတက်တာကိုကြည့်မယ်ဆိုရင် သင်အိမ်ဝယ်ထားတာက အကောင်းဆုံးလမ်းတစ်ခုပါ။ အိမ်ပိုင်ရှင်ဖြစ်ပြီဆိုရင် သင်ဟာ ကြာလာရင် တန်ဖိုးပိုမြင့်လာမယ့် ပစ္စည်းတစ်ခုရဲ့ ပိုင်ရှင်ပါပဲ။ အိမ်တန်ဖိုးမြင့်လာတာနဲ့ သင့် net worth လည်းတိုးတက်လာမှာပါ။ 


ဒါကြောင့် သင်က ငွေကြေးအဆင်ပြေတဲ့သူတစ်ယောက်ဆိုရင်တော့ အိမ်ပိုင်ဆိုင်ခွင့်ရဖို့ ကုန်ကျစရိတ်တွေ ပြင်ဆင်ထားတာ အကောင်းဆုံးပါ။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page