top of page

အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေဝင်ငွေရတဲ့ ပုံစံ (၄)မျိုး

  • Writer: Win Myat Thu
    Win Myat Thu
  • Sep 18, 2023
  • 1 min read

Real Estate မှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အဓိက ပန်းတိုင်က ကိုယ့် ငွေကို ထည့်ထားပြီး ကိုယ့်အနာဂတ်အတွက် ဝင်ငွေကောင်းကောင်းရှာခိုင်းဖို့ပါပဲ။ ဒီအကျိုးအမြတ် သို့မဟုတ် ပြန်ရတဲ့ ငွေတွေက ကိုယ်စွန့်စားပြီး ရင်းနှီးမြှုပ်နှံလိုက်ရတာတွေ ပေးလိုက်ရတဲ့အခွန်တွေကို ကာမိဖို့ လိုပါတယ်။ အဲ့ဒီမှာ အိမ်ပိုင်ဖို့အတွက် အိမ်ပြင်ရတာတွေ၊ အာမခံကြေးတွေနဲ့ အိမ်အတွက် ကုန်ကျစရိတ်တွေတော့ ရှိပါတယ်။


ဒါပေမယ့် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အခြေခံ အချက်တွေဖြစ်တဲ့ Investment, Economics နဲ့ ယူရမယ့် Risk တွေ ကို နားလည်သွားတဲ့အခါမှာတော့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဆိုတာ ထင်သလောက် မခက်တော့ပါဘူး။


အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုက ရိုးရှင်းပေမယ့် အရမ်းလည်း လွယ်နေတာတော့ မဟုတ်ပါဘူး။ အမှားတစ်ချက်လုပ်မိတာနဲ့ အရှုံးနဲ့ ရင်ဆိုင်ရနိုင်ပါသေးတယ်။


Real Estate မှာ ရင်းနှီးမြှုပ်နှံသူတွေ လုပ်လေ့ရှိတဲ့ ငွေဝင်နည်း (၄)မျိုးကို ပြန်လည်မျှဝေပေးချင်ပါတယ်။




Real Estate Appreciation

ဒါက အိမ်တစ်လုံးကို ဝယ်ထားပြီးနောက်ပိုင်း နှစ်ကြာလာတဲ့အမျှ အိမ်စျေးက တက်လာပြီး အကျိုးအမြတ်ရတာကို ဆိုလိုတာပါ။


ကိုယ်က လတ်တလောမှာ လူတွေ သိပ်မနေသေးတဲ့ နေရာမှာ မြေကွက်ကို သိန်း ၁ရာနဲ့ ဝယ်ထားတယ်ဆိုပါစို့။ နောက်ပိုင်း အဲ့မြေနေရာမှာ Shopping Mall တစ်ခုလာဆောက်လိုက်တာနဲ့ နှစ်အနည်းငယ်အကြာမှာ မြေကွက်က သိန်း တစ်ထောင်ကနေ သိန်းတစ်သောင်းလောက်အထိ စျေးတက်သွားတယ်ဆိုရင် သင့်အနေနဲ့ ပြန်ရမယ့် အမြတ်ကို တွေးကြည့်ပါ။


ဒီနည်းက အမြတ်များပေမယ့် Risk လည်းယူရပါတယ်။


အကွက်အကွင်းရွေးတတ်မှ အဆင်ပြေတာမျိုးပါ။


Cash Flow Income

ဒီနည်းကတော့ တိုက်ခန်းကို ဝယ်ပြီး ပြန်ငှားစားတဲ့ ပုံစံမျိုးပါ။


လစဉ် အခန်းငှားခ၊ ဆိုင်ခန်းငှားခက ပိုက်ဆံပြန်ရတာမျိုးပေ့ါ။


Real Estate-related Income


ဒီ ဝင်ငွေကတော့ အိမ်ခြံမြေအကျိုးဆောင်တွေရလေ့ရှိတဲ့ ဝင်ငွေပါ။


အကျိုးဆောင်တွေဟာ သူတို့ ဝယ်/ရောင်း ပေးလိုက်တဲ့ အိမ်တွေကနေပြီး ကော်မရှင်ခကို ရတာဖြစ်ပါတယ်။


Real Estate Managment Company တွေကတော့ တစ်ခါတစ်ရံမှာ သူတို့ စီမံခန့်ခွဲပေးရတဲ့ အိမ်ခန်း၊ တိုက်ခန်းငှားခရဲ့ ရာခိုင်နှုန်းအချို့ကို ယူပြီးတော့ ဝန်ဆောင်မှုပေးကြတာလည်းရှိပါတယ်။



Ancillary Real Estate Investment Income


ဒီနည်းကတော့ အိမ်ခန်းငှားခအပြင် အိမ်ခန်းတိုက်ခန်းနားမှာ အဝတ်လျှော်စက်တို့၊ Vending Machine လိုမျိုးတွေထားပြီး ငွေရှာတဲ့ နည်းပါ။


ဒီ အဝတ်လျှော်စက်က အကြွေစေ့ထည့်ပြီး သုံးလို့ရတဲ့ စက်တွေဖြစ်ပြီး တိုက်ခန်းမှာ နေသူတွေက လာပြီး အသုံးပြုတာနဲ့ ဝင်ငွေရတာမျိုးပါ။


ဒီနည်းကို အခုနောက်ပိုင်း ကွန်ဒိုတွေနဲ့ အိမ်ယာစီမံကိန်းတွေမှာ ထည့်သွင်းလာတာကို တွေ့ရပါတယ်။



 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page