(3) မိနစ်အတွင်း ကိုယ့်ရဲ့ အိမ်ဝယ်နိုင်စွမ်းအားကို တွက်ချက်နည်း။
- 3 days ago
- 1 min read

အိမ်မဝယ်ခင်မှာ ကိုယ့်ရဲ့ ဝယ်ယူနိုင်စွမ်းအား (Buying Power) ကို အရင်ဆုံး တွက်ချက်ထားဖို့ လိုအပ်ပါတယ်။ ဘဏ်တွေက ကိုယ့်ရဲ့ ဘဏ်စာရင်းထဲမှာ ရှိတဲ့ ငွေပမာဏတစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ဘဲ "ဝင်ငွေနဲ့ အကြွေး အချိုးအစား" (Debt-to-Income Ratio - DTI) ကို အဓိကထား ကြည့်ရှုတာဖြစ်ပါတယ်။ဒါကြောင့်ဘဏ်ကို မသွားခင် 3 မိနစ်အတွင်းမှာ ကိုယ့်ရဲ့ အိမ်ဘတ်ဂျက်ကို ကိုယ်တိုင် ဘယ်လို တွက်ချက်မလဲဆိုတာ အဆင့် (3) ဆင့်နဲ့ ကြည့်လိုက်ရအောင်။

(1) ကိုယ့်ရဲ့ တစ်လစာ "စုစုပေါင်းဝင်ငွေ" ကို ရှာပါ
အခွန်မနှုတ်ခင် တစ်နှစ်စာ စုစုပေါင်းလစာကို 12 လနဲ့ စားပါ။
ဥပမာ - ကိုယ့်ရဲ့တစ်နှစ်ဝင်ငွေက $90,000 ဆိုပါစို့။
[ 90,000 ÷ 12 = $7,500 (တစ်လစာ ဝင်ငွေ) ]

(2) "Rule of 36" ကို အသုံးပြုပါ
ယေဘုယျအားဖြင့် ဘဏ်တွေက ကိုယ့်ရဲ့ တစ်လစာ ဝင်ငွေရဲ့ 36% ထက် ပိုပြီး အကြွေးဆပ်ဖို့ (အိမ်လခ အပါအဝင်) မသုံးစေချင်ပါဘူး။
· တွက်ချက်ပုံ -
[ $7,500 × 0.36 = $2,700 ]
· ဒီ $2,700 ဆိုတာ ကိုယ့်မှာရှိတဲ့ အကြွေးအားလုံးအတွက် ဘဏ်က လက်ခံနိုင်တဲ့ "အမြင့်ဆုံး" ပမာဏ ဖြစ်ပါတယ်။

(3) လက်ရှိပေးနေရတဲ့ လစဉ်အကြွေးတွေကို နှုတ်ပါ။
ကိုယ် လစဉ် ပုံမှန်ပေးနေရတဲ့ ကားဖိုး၊ ကျောင်းသားချေးငွေ (သို့) Credit Card အကြွေး အနည်းဆုံး ပေးချေရမယ့် ပမာဏတွေကို နှုတ်လိုက်ပါ။
ဥပမာ -
[ $2,700 (အမြင့်ဆုံးပေးနိုင်တဲ့ ပမာဏ) – $400 (ကားဖိုး) – $200 (ကျောင်းသားချေးငွေ) = $2,100 ]
ဒီ $2,100 ဆိုတာ ကိုယ် တစ်လကို အိမ်အတွက် အများဆုံး ပေးချေနိုင်မယ့် (အတိုး၊ အရင်း၊ အခွန် အားလုံးအပါအဝင်) ပမာဏပဲ ဖြစ်ပါတယ်။

အကြံပြုချက်
ဘဏ်က ကိုယ့်ကို ပိုက်ဆံ အများကြီး ချေးပေးနိုင်ပေမဲ့၊ ကိုယ့်ရဲ့ နေ့စဉ် စားဝတ်နေရေး မထိခိုက်ဖို့အတွက် ဘဏ်က သတ်မှတ်တဲ့ အမြင့်ဆုံး ပမာဏထက် နည်းနည်းလျှော့ပြီး အိမ်ရှာတာက ကိုယ့်အတွက် ပိုပြီး စိတ်အေးရစေပါတယ်။



Comments