$5,000ပတ်ဝန်းကျင် သုံးပြီး ဘယ်လိုရင်းနှီးမြုပ်နှံမလဲ?
- Win Myat Thu
- Feb 18, 2024
- 2 min read
မမျှော်လင့်ဘဲ ငွေအများကြီးရလာခဲ့ရင် မသုံးပစ်ပဲနဲ့ စုဆောင်းထားတာအကုန်ဆုံးပါ။ အများဆုံးတွေရတတ်တဲ့ financial windfall တွေကတော့ အလုပ်ကဘောနပ်ရတာ tax returns ပြန်ရတာ ဒါမှမဟုတ် အမွေရတာတွေပါ။
ဒီ"found money" မျိုးက သတိရှိရှိနဲ့ invest မယ်ဆိုရင် dividends တွေခဏခဏပေးနိုင်မှာဖြစ်ပါတယ်။ ကံကောင်းစွာ ယနေ့လို online brokerages တွေ zero-commission trading ခေတ်ကြီးမှာ $5000 လောက်ကနေစတဲ့ ပမာဏနည်းနည်းနဲ့တောင် invest နိုင်နေပါပြီ။
S&P 500 Index Fund
June 4 ကနေစပြီး S&P 500 index က year-to-date 14% နားထိကျခဲ့ပါတယ်။ အတိတ်ကဟာတွေနဲ့ တိုင်းတာပြီး ပြောရမယ်ဆိုရင် S&P 500 index က ဆိုးရွားလွန်းတဲ့ bear market ဖြစ်ပြီး selloff တွေများနေတဲ့အချိန်မှာတောင် ဈေးပြန်တက်လာနိုင်ခဲ့ပါတယ်။ index က ၂၀၂၂ မှာထပ်ကျလာနိုင်ခြေရှိပေမယ့် long-time investment horizon ရှိတဲ့သူတွေကတော့ ရေရှည်မှ ဈေးပြန်မြင့်လာနိုင်ပါတယ်။
S&P 500 ကိုtrade လို့ရတဲ့ Exchange-traded Funds (ETF) တော်တော်များများက ဈေးမကြီးပါဘူး။ ဒီ ETF တွေရဲ့ အပိုင်းတစ်ချိ့စာလောက်ကိုပဲ $5000 နဲ့ brokerages တွေမှာ ဝယ်လို့ရပါတယ်။
NASDAQ Composite Index Fund
သင်က S&P 500 index ပြန်အခြေအနေကောင်းလာမယ်ဆိုတာကို ယုံကြည်တယ် ပြီးရင် high risk ယူနိုင်တဲ့သူတစ်ယောက်ဆိုရင်တော့ NASDAQ Composite Index ETF ရှယ်ယာတစ်ချို့ကို ဝယ်ထားတာကလည်း ရေရှည်အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ NADSAQ ဟာ year-to-date မှာ 23% ထိဈေးကျနေတာဖြစ်တဲ့အတွက် S&P 500 index ထက်ပိုပြီး ထိခိုက်လွယ်သော်လည်း အနာဂတ်မှာ တိုးတက်လာနိုင်ခြေများပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ NASDAQ Composite က 90% gains ရှိပြီးတော့ S&P 500 ကတော့ 68% gains ဖြစ်ပါတယ်။
Robo-Advisor
သင့်မှာ invest ဖို့ $5000 အတိပဲရှိတယ်ဆိုရင် robo-advisor ကပေးတဲ့ ဝန်ဆောင်မှူကို အသုံးပြုတာကလည်း အကောင်းဆုံးနည်းတစ်ခုပါပဲ။ သင့်မှာရှိတဲ့ total asset ရဲ့ 0.25% ကို annual fee အနေနဲ့ယူပြီးတော့ ဒီ professional money manager က သင့်ရဲ့ investment objectives နဲ့ risk tolerance ပေါ်မူတည်ပြီး သင့် fund တွေကို ETFs အမျိုးမျိုးကို ဝယ်ပေးထားပါလိမ့်မယ်။
ဒါက ပိုက်ဆံနည်းနည်းနဲ့ assets တော်တော်များများကို လက်ဝယ်ထားရှိထားနိုင်မှာဖြစ်ပါတယ်။ William Whitt ရဲ့ စကားအရဆိုရင်တော့ သင်က အသက်နှစ်ဆယ် သုံးဆယ်ဝန်းကျင်ရှိနေပြီး ပိုက်ဆံသိပ်မရှိဘူးဆိုရင်တော့ သင့်ရဲ့ portfolio ကတော်တော်ကောင်းနေပါပြီတဲ့။
High Dividend ETF
ဈေးကွက်သေချာရေရာမှုမရှိတဲ့အချိန်မှာ high-dividend stock တွေဝယ်ထားတာက defensive အနေနဲ့ထားလို့ရပါတယ်။ Daniel Milan ရဲ့ ပြောစကားအရ ကုမ္ပဏီကောင်းကောင်းကရတဲ့ dividend တွေက ကိုယ့် portfolio တည်ဆောက်တဲ့အချိန်မှာ သက်ရောက်မှုကောင်းကောင်းရနိုင်ပါတယ်။
တစ်ချို့သော agressive bets တွေလောက် ကောင်းတာမများပေမယ့် high-dvidend stocks တွေက bear market ကြောင့်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကနေ သင့်ရဲ့ portfolio ကိုကာကွယ်ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အတည်တံ့ဆုံးနဲ့ နာမည်ကြီးတဲ့ ကုမ္ပဏီတွေဖြစ်တဲ့အတွက် သူတို့ဆီက ပေးတဲ့ high-dividends တွေက low-return environments မှာလည်းလိုချင်တဲ့သူတွေများပါတယ်။
Fund an IRA or HSA
တစ်ခါတစ်လေမှာ ကိုယ့်မှာရှိတဲ့ပိုက်ဆံ ဘယ်နားမှာထားမလဲဆုံးဖြတ်တာက အဲ့ပိုက်ဆံနဲ့ ဘာဝယ်ရမလဲစဉ်းစားတာထက်ပိုပြီး အရေးကြီးပါတယ်။ $5000 ဆိုတာ Health Saving Account (HSA) နဲ့ IRA ကနေရတဲ့ maximum annual contribution နဲ့တူပါတယ်။
Account နှစ်ခုလုံးအတွက် ကိုယ်ထည့်မယ့် ပမာဏပေါ်မူတည်ပြီး tax deduction ရနိုင်ပါတယ်။ IRA နဲ့ဆိုရင်တော့ retirement အတွက် ပိုက်ဆံထုတ်တဲ့အခါကျမှသာ tax ပေးရမှာဖြစ်ပြီး Roth IRA ကိုရွေးထားတယ်ဆိုရင်တော့ retirement ကျရင် tax-free money ထုတ်လို့ရမှာဖြစ်ပါတယ်။
HSA နဲ့ဆိုရင် ကိုယ့် contribution တွေကို deduction လုပ်လို့ရမယ့်အပြင် medical expenses တွေသုံးတဲ့အချိန်ကျရင်လည်း tax-free money ထုတ်နိုင်မှာဖြစ်ပါတယ်။ Ashley Coake က သူ့အမြင်မှာတော့ HSA က ဘယ်တော့မှ tax ပေးစရာမလိုတဲ့အတွက် Roth ထပ်ပိုကောင်းပါတယ်တဲ့။
Savings Account
အခုအခြေအနေနဲ့ ကိုက်ညီတဲ့ နောက် investment တစ်မျိုးကတော့ saving account ဖွင့်တာပါ။ ဘဏ်အကြီးကြီးတွေကတော့ အတိုးပေးတာနည်းသေးပေမယ့် Federal Reserve ရဲ့ interest rate hike အရ online saving accounts တွေကတော့ အတိုးနှုန်းများပါတယ်။ တကယ်လို့ Fed ကသာ ဒီနှစ်ထဲမှာရော 2024 မှာပါခံမှန်းထားတဲ့အတိုင်း rate မြင့်ပေးမယ်ဆိုရင် online saving account ရဲ့ FDIC-insured investment တွေအကုန် 2% ထက်များနိုင်ပါတယ်။ Market မတည်ငြိမ်တဲ့အချိန်မှာ သင့်ငွေတွေကို high-rate, no-risk အကောင့်ထဲသိမ်းထားတာဟာ အကောင်းဆုံးပါပဲ။
Yourself
တစ်ခါတစ်လေမှာ အကောင်းဆုံး investment တွေက ဈေးကွက်ကဝယ်လို့ရတာမျိုးမဟုတ်ဘဲ သင်ကိုယ်တိုင်ပါပဲ။ သင့်ကိုယ်သင် ဈေးကွက်ချပြလို့ရမယ့် skill တွေ ဒါမှမဟုတ် ကိုယ့်နယ်ပယ်မှာကျွမ်းကျင်သူတစ်ယောက်ဖြစ်လာမယ်ဆိုရင် labor market မှာ ဈေးကောင်းရနိုင်မှာဖြစ်ပါတယ်။
Billionaire Investor တစ်ယောက်ဖြစ်တဲ့ Warren Buffet ကလည်း သင့်မှာရှိတဲ့ ဘယ်အရည်အချင်းသင့်ဆီက ယူသွားလို့မရပါဘူး။ သူတို့က ငွေကြေးဖောင်းကြွမှုလည်းမဖြစ်နိုင်ပါဘူး။ အကောင်းဆုံး investment ကတော့ ကိုယ့်ကိုယ်ကို တိုးတင်အောင်လုပ်တာပါပဲ။ ပြီးရင်အခွန်လည်းဆောင်စရာမလိုပါဘူးဆိုပြီး ပြောခဲ့ပါတယ်။
Comments