top of page

လက်တွေ့ကျကျ ငွေစုနည်း (၁၆)နည်း

  • Writer: Win Myat Thu
    Win Myat Thu
  • Sep 22, 2023
  • 1 min read

ငွေစုတယ်ဆိုတာ တာတိုပြေးပွဲမဟုတ်ပါဘူး။

မာရသွန်ပါ။

ရေရှည်လုပ်ရမှာဆိုတော့ ဖြစ်နိုင်တဲ့ နည်းလမ်းလေးတွေကသာ သင့်ကို ရေရှည် ငွေစုဖြစ်အောင် အကူအညီပေးမှာပါ။


ဒါကြောင့် လက်တွေ့ကျကျ ငွေစုနည်း (၂၃)နည်းကို မျှဝေပေးချင်ပါတယ်။


၁။ အကြွေးမရှိပါစေနဲ့။

ငွေစုမယ်ဆိုရင် အရင်ဆုံး အကြွေးမရှိအောင်လုပ်ဖို့လိုပါတယ်။

အကြွေးရှိနေသရွေ့ ငွေစုမိမှာ မဟုတ်ပါဘူး။


အကြွေးရှင်းဖို့ဆိုရင် Snowball Method ကိုသုံးပါ။

အကြွေးဆပ်တဲ့အခါ အနည်းဆုံး အကြွေးကို အရင်ဆပ်ပါ။

ပြီးမှ တဖြည်းဖြည်းချင်း

များတဲ့ အကြွေးတွေကို ဆပ်ပါ။


အကြွေးမရှိဘူးဆိုရင်တော့ နံပါတ် (၂)ကို ဆက်ဖတ်ပါ။


၂။ Grocery Budget ကို လျှော့ချပါ။

လတိုင်း အသုံးစားရိတ်တွေကို စာရင်းချုပ်ကြည့်မယ်ဆိုရင်

စျေးဝယ်တာက များနေတာကို သတိထားမိမှာပါ။

စျေးသွားတဲ့အခါ အစကတော့ ကိုယ်ဝယ်ချင်တာကို ကိုယ်သိပေမယ့်

နောက်ပိုင်းကျ

ကိုယ်ဝယ်ချင်တာထပ် ဆိုင်မှာတွေ့တာတွေကို

အသုံးတည့်တည့် မတည့်တည့်ဝယ်လာမိတာပါပဲ။


ဒါကြောင့် စျေးဝယ်တဲ့အခါ

ကိုယ့်အတွက် တကယ်အသုံးလိုပြီး

စားမယ့် သုံးမယ့်ဟာကိုပဲ ဝယ်ဖို့ ကြိုးစားပါ။


၃။ မသုံးဖြစ်ဘဲ လစဉ်ကြေးထားတဲ့အရာတွေကို ရပ်ပစ်ပါ။

အခုခေတ်မှာ တစ်လ တစ်လ Netflix ဖိုး၊ Spotify ဖိုးတွေက

အတော်ကုန်ပါတယ်။ ပြန်စဉ်းစားကြည့်ပါ။

Netflix ဖိုးသွင်းပြီး ကြည့်ဖြစ်နေလား၊ Spotify ကကော သီချင်းနားထောင်ဖြစ်လားပေ့ါ။


မသုံးဖြစ်ရင်တော့ လစဉ်ကြေးပေးတာကို ရပ်ပစ်ဖို့လိုပါတယ်။


၄။ Branded တွေပဲ ဝယ်တာကို ရပ်လိုက်ပါ။

ငွေစုမယ်ဆိုရင် ဒီတစ်ခုတော့ လက်ခံဖို့လိုပါတယ်။ အရင်က ဘယ်လောက်ပဲ Branded တွေ ကြိုက်ခဲ့ပါစေ။

ငွေစုတဲ့အခါမှာတော့ အလယ်အလတ်တန်းစားထဲကပဲ ရွေးသင့်ပါတယ်။


၅။ မကြည့်ဖြစ်တဲ့ TV Line တွေကိုလည်း ရပ်လိုက်ပါ

ဥပမာ Sky Net တပ်ထားပြီး မကြည့်ဖြစ်ရင် လစဉ်ပေးနေရတာက အကျိုးမရှိရာရောက်ပါတယ်။


၆။ ငွေတွေကို Saving Account ထဲပြောင်းထားပါ။

Checking Account ထဲမှာ ငွေရှိရင် သုံးဖြစ်ပါတယ်။

အဲ့အစား Saving Account ထဲ ပြောင်းထားပေးပါ။


၇။ ဘောနပ်စ်ရရင် မသုံးပစ်ပါနဲ့။

လူအတော်များများက ဘောနပ်စ်ရရင် တန်းသုံးပစ်ပါတယ်။

အဲ့ဒီလို အပိုငွေရတဲ့အခါ ပိုစုဖြစ်အောင် ကြိုးစားပါ။


၈။ မီတာခ ချွေတာပါ။

မီတာခချွေတာပါဆိုလို့ အမှောင်ထဲ နေခိုင်းတာမဟုတ်ပါဘူး။

အပြင်သွားရင် မီးပိတ်ဖို့ အဲကွန်း မလိုအပ်ရင် မဖွင့်ဖို့ အဓိကကပါပဲ။


၉။ နေ့လည်စာ ချက်စားပါ။

နေ့လည်စာကို အပြင်ထွက်စားမယ့်အစား ချက်စားဖို့ ကြိုးစားပါ။ ချက်စားတာက ငွေကုန်သက်သာပါတယ်။


၁၀။ Discount ရအောင် ယူပါ။

ဘာပဲ ဝယ်ဝယ် လျှော့စျေးချတဲ့အချိန်ကို ဦးစားပေးပါ။ ၂ခုဝယ် ၁ခု Free ဆိုတာမျိုးက ပိုက်ဆံ အများကြီး သက်သာစေပါတယ်။


၁၁။ ဖုန်းဘေလ် လျှော့ပါ။

တစ်ခါတစ်လေ ဘာမှ အကျိုးမရှိဘဲ အင်တာနက် သုံးနေမိပါတယ်။ အဲ့တာတွေက ဖုန်းဘေလ်ကို အများကြီး ကုန်ကျစေပါတယ်။ အရမ်း အင်တာနက်သုံးတယ်ဆိုရင်တော့ ဝိုင်ဖိုင်တပ်ပါ။


၁၂။ ငွေလျှော့သုံးတဲ့ Challenge လုပ်ပါ။

တစ်ပတ်လောက် မလိုဘဲ ဘာမှ မသုံးကြေး ဒါမှမဟုတ် တစ်ပတ်ကို ဒီလောက်ပဲ သုံးမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး လုပ်သင့်ပါတယ်။


၁၃။ ကော်ဖီဆိုင် မထိုင်ပါနဲ့။

သင်က ကော်ဖီကြိုက်တတ်တဲ့သူဆိုရင်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကော်ဖီဆိုင်ဆိုတာ စျေးကောင်းပြီး ဇိမ်ခံတဲ့ နေရာဖြစ်လို့ ငွေစုမယ့်သူနဲ့ မသင့်တော်ပါဘူး။ သင့်ရဲ့ 3in1 ကော်ဖီနဲ့ပဲ နှစ်ပါးသွားပြီး ငွေစုပါ။


၁၄။ Cash-back ပြန်ရတဲ့ app တွေ၊ ကူပွန်တွေသုံးပါ။

ကူပွန်တွေရရင် စုထားပြီး ပြန်သုံးပါ။ Cash-back ပြန်ပေးတဲ့ Loyalty App တွေကလည်း သင့်ကို ငွေအတော်စုမိပါစေလိမ့်မယ်။


၁၅။ မလိုအပ်တာတွေ ရောင်းပစ်ပါ။

Minimalist ဆန်တယ်ပဲဆိုဆို အိမ်မှာ မသုံးဖြစ်တာတွေရှိရင် လိုင်းပေါ်တင်ပြီး ရောင်းပစ်ပါ။ အိမ်လည်းရှင်း ငွေလည်းစုမိပါတယ်။ ရတာကိုတော့ မုန့်တန်းမဝယ်စားဖို့တော့လိုတာပေ့ါ။


၁၆။ ချက်ချင်းမဝယ်ဘူးဆိုတဲ့ စိတ်မွေးပါ။

တစ်ခုခု လိုချင်လာပြီဆိုရင် တစ်လလောက် အောင့်အီးပြီး တစ်လပြည့်တဲ့အခါ ငါလိုချင်သေးလားလို့ စဉ်းစားကြည့်ပါ။ အဲ့အချိန်ထိ လိုချင်နေသေးရင်တော့ ဝယ်လိုက်ပါ။ အဓိကက ချက်ချင်းဝယ်တဲ့ စိတ်ကို တားဖို့ပါပဲ။


ဒီလောက်ဆိုရင် ငွေစုနည်း ၁၆နည်းကို သိသွားပြီထင်ပါတယ်။


 
 
 

Comentarios


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page