Inheritance Tax ဆိုတာဘာလဲ ?
- arkar tm
- May 29
- 2 min read

Inheritance Tax ဆိုတာဟာ လူတစ်ယောက်ယောက်ဆုံးပါးသွားခဲ့လို့ အမွေချန်ထားခဲ့ချိန်၊ အမွေကိုလက်ခံရရှိတဲ့သူက အစိုးရကိုပေးဆောင်ရတဲ့ state level tax တစ်မျိုးဖြစ်ပါတယ်။
Inheritance Tax ဆိုတာဟာ Estate Tax တွေနှင့်မတူညီပါဘူး။ ဒါ့အပြင် Inheritance Tax ကိုအသုံးပြုပြီးတော့ ကိုယ့်အိမ်ကို Lifetime Gift အနေနှင့်ပေးပြီး၊ ဒါမှမဟုတ် Trust Program မှာအပ်နှံလွှဲပြောင်းပေးထားခဲ့ပြီးတော့ အိမ်အမွေပေးပြီး Estate Tax တွေကို ရှောင်ရှားလျော့ချလို့ရပါတယ်။
ဒီလိုလုပ်ဖို့အတွက် စီစဉ်တဲ့အခါမှာ ကိုယ်နေတဲ့ဒေသရဲ့ properties နှင့် beneficiaries တွေအလိုက်သတ်မှတ်ထားတဲ့ state law တွေအရင်သိထားရပါမယ်။

Inheritance Tax ရဲ့ သမိုင်းကြောင်း
U.S အစိုးရက 1862 - 1870 ခုနှစ်ကြားမှာဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ကို ငွေကြေးထောက်ပံ့ဖို့အတွက် Inheritance Tax Law ကိုစတင်အသက်သွင်းခဲ့ပါတယ်။ နောက်ဆက်ပြီးတော့ 1898 - 1902 ကြားမှာဖြစ်ပွားခဲ့တဲ့ Spanish - American စစ်ပွဲရဲ့ငွေကြေးအထောက်အပံ့ ကောက်ခံဖို့အတွက်ကိုလဲ Inheritance Tax Law ကိုဆက်ပြီးကျင့်သုံးခဲ့ပါတယ်။
အရင်က ပြည်နယ်တိုင်းမှာ Inheritance Tax Law ရှိခဲ့ပေမယ့် အခုလက်ရှိ 2025 မှာတော့ Kentucky, Maryland, Nebraska, New Jersey နှင့် Pennsylvania စုစုပေါင်းပြည်နယ် ငါးခုမှာပဲ Inheritance Tax Law ရှိပါတော့တယ်။

Inheritance Tax vs. Estate Tax
ဒီ Tax နှစ်မျိုးလုံးဟာ တစ်စုံတစ်ယောက်ဆုံးပါးသွားရင် ကျန်ခဲ့တဲ့ အိမ်ခြံမြေရဲ့တန်ဖိုးအပေါ် အခြေခံပြီးကောက်ခံတဲ့ Death Tax အမျိုးအစားထဲပါဝင်ပေမယ့်၊ ကွဲပြားခြားနား တဲ့သတ်မှတ်ချက်တွေရှိကြပါတယ်။Estate Tax ဆိုတာက အမွေပေးမယ့်အိမ်တန်ဖိုးထဲကနေ သတ်မှတ်ထားတဲ့ရာခိုင်နူန်းအတိုင်းကို အမွေမလွှဲခင်မှာ အစိုးရကနုတ်ပြီးကောက်ယူပါတယ်။
Inheritance Tax ကကြတော့ အမွေရတဲ့သူက သူရရှိခဲ့တဲ့ အမွေ value amount အတိုင်းကို သတ်မှတ်ထားတဲ့ ရာခိုင်နူန်းအတိုင်း အစိုးရဆီကို ကိုယ်တိုင်ပေးဆောင်ရပါတယ်။

ပြည်နယ်အသီးသီးက Inheritance Tax Law များ
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အခုဆိုရင် US မှာ ပြည်နယ်ငါးခုပဲ Inheritance Tax ကောက်ခံပါ
တော့တယ်။ ဒီပြည်နယ်တစ်ခုချင်းစီမှာ ကွဲပြားခြားနားတဲ့ Tax Law သတ်မှတ်ချက်တွေရှိကြပါတယ်။ အခြေခံအားဖြင့် Inheritance Tax ကို အမွေပေးသူနှင့် အမွေရသူတို့ရဲ့ relationship ဆွေမျိုးနီးစပ်တော် ပုံတွေအပေါ်မူတည်ပြီးတော့ ပမာဏပြောင်းလဲကောက်ခံကြပါတယ်။ ကိုယ့်အိမ်တန်ဖိုးက $13.99 millions အောက်မှာပဲရှိတယ်ဆိုရင် ကိုယ့်သေတမ်းစာထဲမှာ အမွေပေးခဲ့ခြင်းက Federal Estate Tax ကို ကင်းလွတ်စေပါတယ်။ သတိပြုရမယ့်အချက်က Federal Estate Tax Law က ပြည်နယ်အလိုက် အခွန်ကင်းလွတ်ခွင့် အိမ်တန်ဖိုးသတ်မှတ်ချက်တွေ မတူညီတတ်လို့ ကိုယ့်ရဲ့ပြည်နယ်အလိုက်ကို သေချာသိရအောင် လေ့လာကြည့်သင့်ပါတယ်။
1.Kentucky : အမွေချန်ခဲ့သူရဲ့ သက်ရှိထင်ရှားရှိသေးတဲ့ အိမ်ထောင်ဖက်၊မိဘ၊အဖိုးအဘွား၊ ညီအကိုမောင်နှမ ( full-siblings and half-siblings )၊ သားသမီး နှင့် မြေး တွေ ဖြစ်ကြတဲ့ Close Relatives တွေက Inheritance Tax အမွေခွန်ကနေကင်းလွတ်ပါတယ်။ အခြားသူတွေကတော့ အမွေတန်ဖိုးရဲ့ 4% - 16% အထိပေးဆောင်ရပါတယ်။
2. Maryland : Close Relatives တွေက အမွေခွန်လွတ်ကင်းကြတယ်။ အခြားသူတွေကတော့ အမွေခွန် 10% ပေးဆောင်ရတယ်။ အမွေအိမ်ခြံမြေရဲ့ တန်ဖိုးဟာ $ 50,000 ထက်နည်းနေရင်တော့ အမွေခွန်ကင်းလွတ်ပါတယ်။
3. Nebraska : အိမ်ထောင်ဖက်နှင့်သားသမီးတွေဟာ အမွေခွန်ကင်းလွတ်ပါတယ်။ အခြားသော close relatives တွေကတော့ အမွေပမာဏ $100,000 ထက်ကျော်ရခဲ့ရင် ကျော်တဲ့ပမာဏရဲ့ 1% ကို Tax ပေးသွင်းရပါမယ်။ အခြားဆွေမျိုးတွေကတော့ $40,000 ထက်ကျော်လွန်နေတဲ့ ပမာဏရဲ့ 11% ကို Tax ပေးသွင်းရပါမယ်။ဆွေမျိုးမဟုတ်တဲ့သူတွေကတော့ $10,000 ထက်ကျော်သမျှကို 15% ပေးရပါမယ်။
4. New Jersey : မောင်နှမမဟုတ်တဲ့ close relatives တွေက အခွန်ကင်းလွတ်ပါတယ်။ မောင်နှမတွေနှင့် သားမက်နှင့်ချွေးမတို့ကတော့ အမွေပမာဏ $25,000 ရဲ့အထက်ကျော်သမျှကို 11% - 16% အခွန်ပေးရပါမယ်။
5. Pennsylvania: အိမ်ထောင်ဖက် နှင့် အသက် 21 အောက် သားသမီးတွေက အမွေခွန်ကင်းလွတ်ပါတယ်။ အခြားသူတွေကတော့ အမွေတန်ဖိုးရဲ့ 4.5% to 15% ကို အခွန်ဆောင်ပေးရပါမယ်။

ဒါတွေတော့ US ရဲ့ Inheritance Tax အကြောင်းနှင့် လက်ရှိ Inheritance Tax Law ရှိနေတဲ့ ပြည်နယ်တွေမှာ ဘယ်လို အမွေခွန်တွေကောက်ခံနေလဲဆိုတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။
ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ Tax ကိစ္စတွေနှင့်ပါတ်သက်လို့လဲ အကူအညီလိုအပ်ရင် ကျွှန်မဆီကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Comments