Mortgage Loan ရရှိဖို့အတွက် လုပ်ဆောင်ရမယ့် Process အဆင့်များ။
- arkar tm
- Apr 28
- 1 min read

Mortgage Loan ရရှိအောင် ချေးယူရတယ်ဆိုတာဟာ အဆင့်များပြီးတော့ သေချာစဉ်းစားလုပ်ဆောင်ရတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်ကစပြီး တစ်ဆင့်ချင်းစီလုပ်ဆောင်ရမယ်ဆိုတာကို ကြိုသိရှိထားနိုင်ဖို့ လိုအပ်ပါတယ်။ပထမဆုံးအနေနှင့် Application အဆင့်အတွက်ဘယ်လိုပြင်ဆင်ကြမလဲ ။

(1)Application Process
ဒီ application အဆင့်မှာဆိုရင် ကိုယ်က 5-page mortgage application တစ်ခုကိုရေးဆွဲရပါမယ်။ ဒီ application မှာ ဘာတွေပါရမလဲဆိုတော့
* Personal & Financial Information: ကိုယ့်ရဲ့ နာမည်၊မွေးနေ့၊ social security number နှင့် finical history
* Employment, Income, and existing debts : ကိုယ်ရဲ့ job status, လစာနှင့် outstanding loansတွေ
* Assets for Down payment and Closing Costs : ကိုယ်ရဲ့ upfront home buying cost ကိုပေးဖို့အတွက်စုဆောင်းထားတဲ့ fund တွေ
* Any other real estate: ကိုယ်ပိုင်ဆိုင်ထားတဲ့ အခြား အိမ်ခြံမြေတွေ
* Past Financial History: ကိုယ့်မှာအရင်က foreclosure နှင့် bankruptcy ရှိခဲ့လား မရှိခဲ့ဘူးလားဆိုတာတွေ
အစရှိတဲ့အချက်တွေကို ဖော်ပြပေးရပါတယ်။ ပထမဆုံး Application အဆင့်အောင်မြင်ခဲ့ရင် Pre-approval ရရှိမှာဖြစ်ပါတယ်။ ဒါဆိုရင်နောက်တစ်ဆင့်အနေနှင့် ကိုယ်နှင့်သင့်တော်တဲ့ Lender ကိုရွေးချယ်ရပါမယ်။

(2)Choosing The Right Lender
Loan rates, terms တွေနှင့် service တွေဟာ Lenders တွေတစ်ယောက်ချင်းစီမှာကွဲပြားခြားနားကြပါတယ်။ ဒါကြောင့် ကိုယ်က အောက်ပါအချက်တွေကိုထည့်သွင်းစဉ်းစားရပါမယ်။
* Secure Better Loan Terms : ကိုယ့်ရဲ့ budget နှင့်ကိုက်ညီတဲ့ အတိုးနူန်း နှင့် fees တွေကိုချိန်ဆပါ။
* Reduce Stress During Process: ကိုယ်ရွေးချယ်မယ့် Lender ဟာ communication ကောင်းရဲ့လား Delay တွေဘာတွေမရှိတတ်ဘူးလား သေချာ research လုပ်ကြည့်ပါ။
* Save Money Over Loan Lifetime: ပိုနည်းတဲ့ အတိုးနူန်းနှင့် သင့်တော်တဲ့ loan အချိန်ကာလကိုရွေးချယ်ချင်းအားဖြင့် ရေရှည်မှာ ကိုယ့်ရဲ့ cost ကို ထိထိရောက်ရောက်လျော့ချနိုင်ပါတယ်။

အထက်ပါအချက်တွေနှင့် ကိုက်ညီတဲ့ Loan provider ကိုရှာဖွေတွေ့ရှိပြီဆိုတာနှင့် ကိုယ့်ရဲ့ Mortgage Loan အစီအစဉ်ကိုစတင်ပြီးတော့ အိမ်ခြံမြေတွေကို အပိုင်စတင်ဝယ်ယူဖို့ အဆင်သင့်ဖြစ်ပါပြီ။
ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Comments