top of page

Mortgage Loans အမျိုးအစားများ

  • Writer: Win Myat Thu
    Win Myat Thu
  • Dec 27, 2023
  • 2 min read

Home Loans အမျိုးအစားတွေကို သိထားရင်တော့ Mortgage လျှောက်တဲ့အခါ ပိုပြီး လွယ်ကူပါလိမ့်မယ်။


Types of home loans

  • Conventional loan: Credit scores ကောင်းတဲ့သူတွေအတွက် အကောင်းဆုံးပါ။

  • Jumbo loan: Credit scores အရမ်းကောင်းတဲ့အပြင် စျေးအရမ်းကြီးတဲ့ အိမ်ကို ဝယ်ချင်တဲ့သူတွေအတွက် အကောင်းဆုံးပါ။

  • Government-backed loan: Credit scores နည်းပြီး Down payment သိပ် မချေနိုင်တဲ့သူတွေအတွက်ပါ။

  • Fixed-rate mortgage: Loan Duration အတွက် Monthly Payment သတ်မှတ်ထားလို့ရပြီး ခန့်မှန်းရလွယ်တာမျိုး ဖြစ်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

  • Adjustable-rate mortgage: အနာဂတ်မှာ ပိုပေးကောင်းပေးရမယ်ဆိုလည်း အဆင်ပြေပြီး Short term မှာ Lower Payments ဖြစ်တာကို နှစ်သက်ကာ extended period အတွင်း အဲ့ အိမ်မှာ နေဖို့ မရှိသေးတဲ့ သူတွေအတွက် အဆင်ပြေပါတယ်။


1. Conventional Loan

Conventional loans ကို Conforming Loans နဲ့ Non-conforming Loans ဆိုပြီး နှစ်မျိုး ပြန်ခွဲလို့ရပါတယ်။

Conforming loans

Credit, Debt နဲ့ Loan Size တွေကို Federal Housing Finance Agency (FHFA) ကချမှတ်ထားတဲ့ Standards တွေအတိုင်း ကိုက်ညီအောင် လုပ်ထားတာမို့ Conforming Loand လို့ခေါ်ပါတယ်။


Non-conforming loans

Non-conforming loans တွေကတော့ FHFAရဲ့ Standards တွေထဲက တစ်ချက် (သို့မဟုတ်) တစ်ချက်ထက် ပို မကိုက်ညီတဲ့ Loan တွေဖြစ်ပါတယ်။ ဒီထဲက တွေ့ရအများဆုံးကတော့ Jumbo loan ဖြစ်ပြီး Conforming Loan limit ကို ကျော်တဲ့ ငွေပမာပေးတဲ့ Mortgage အမျိုးအစားပါ။


2. Jumbo loan

Jumbo Loan တွေကတော့ အထက်ကပြောထားတဲ့အတိုင်း FHFA ရဲ့ Conforming Loan Limit ကို ကျော်တဲ့ Loan တွေပါ။ ၂၀၂၄မှာဆိုရင် $766,550 (သို့မဟုတ်) စျေးမြင့်တဲ့နေရာတွေမှာဆို $1,149,825 ထက်ကျော်တဲ့ Loan တွေကို Jumbo Loan လို့ခေါ်ပါတယ်။


3. Government-backed loan

အစိုးရကတော့ Mortgage Lender မဟုတ်ပေမယ့် အမေရိကန်တွေအားလုံး အိမ်ပိုင်နိုင်ရေးအတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အဓိက Loan အမျိုးအစား သုံးခုရှိပါတယ်။


FHA loans

Federal Housing Administration (FHA) က ဦးစီးတဲ့ ဒီ FHA Loan တွေကတော့ Credit Score 580 ကနေ စပြီး Down Payment 3.5% ပေးရကာ Credit Score 500 ဆိုရင်တော့ 10% Down Payment ပေးရပါတယ်။ FHA Loans တွေယူမယ်ဆိုရင် mortgage insurance premium ကြေးသွင်းရပါတယ်။ ဒီ Premiums တွေက FHA insure lenders တွေကို ငွေချေးသူတွေက မဆပ်နိုင်တဲ့အခါ ကူညီပေးပါတယ်။ FHA loan နဲ့ ဆိုရင်တော့ အများကြီး ချေးလို့မရဘဲ အခြား Loans တွေထက် နည်းလေ့ရှိပါတယ်။


VA loans

U.S. Department of Veterans Affairs (VA) က အာမခံပေးထားတဲ့ VA loans တွေဟာ U.S. စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေအတွက်ပါ။ အနည်းဆုံး Down Payment ဘယ်လောက်သွင်းရမယ်လို့ မရှိသလို Mortgage Insurance တွေ၊ Credit Score လိုအပ်ချက်တွေလည်း မရှိပါဘူး။ ဒါပေမယ့် Funding Fee ကိုတော့ 1.25% ကနေ 3.3% လောက်အထိ Closing လုပ်တဲ့အခါ ပေးရပါတယ်။


USDA loans

U.S. Department of Agriculture (USDA) ရဲ့ USDA loans ကတော့ ဝင်ငွေ နည်း တာကနေ အသင့်အတင့်ရှိတဲ့ ငွေချေးသူတွေအတွက် USDA က သတ်မှတ်ထားတဲ့ area တွေမှာ (ကျေးလက်ဒေသ) အိမ်ဝယ်လို့ရအောင် ကူညီပေးတဲ့ Mortgage ပါ။ ဒီမှာလည်း Credit Score ဘယ်လောက်တွေ၊ Down Payment Requirement တွေမရှိပါဘူး။ ဒါပေမယ့် Guarantee Fees ​တော့ ကောက်ပါတယ်။



4. Fixed-rate mortgage

Fixed-rate mortgages တွေက သင်ငွေပြန်ဆပ်နေတဲ့ ကာလတစ်လျှောက်မှာ တူညီတဲ့ အတိုးနှုန်းဖြစ်အောင် ထိန်းပေးပြီး လစဉ် Mortgage payment ကိုလည်း အမြဲတမ်းတူနေအောင် ထားပေးပါတယ်။ Fixed Loans တွေက 15 years to 30 years ရှိပါတယ်။




5. Adjustable-rate mortgage (ARM)

Adjustable-rate mortgages (ARMs) တွေကတော့ အချိန်နဲ့အမျှ အတိုးနှုန်းပြောင်းနိုင်ပါတယ်။ များသောအားဖြင့် သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်းမှာ အနိမ့်ဆုံး Fixed Introductory rate ရပါမယ်။ အဲ့ကာလပြီးရင်တော့ Rate တွေက တက်နိုင်သလို၊ ကျလည်း ကျနိုင်ပါတယ်။

ဥပမာအားဖြင့် 5/6 ARMဟာ ပထမ ၅နှစ်အတွက် fixed rate နဲ့ သွားပေမယ့် ၆လတိုင်းမှာ rate က အတက်အကျရှိပါတယ်။ အတိုးနှုန်းတက်တာနဲ့ Monthly mortgage payment ကလည်း တက်ပါတယ်။ အတိုးနှုန်းကျရင်တော့ Monthly payment လည်း ကျတာပေ့ါ။



ဒါဆို ကိုယ့်အတွက် မှန်ကန်တဲ့ Mortgage Type ကို ဘယ်လိုရွေးမလဲ?

ဒီအတွက်ကတော့ ကိုယ့်ရဲ့ Credit Score၊ Financial Goals တွေအပြင် Loan Requirments နဲ့လည်း ကိုက်ညီမညီပေါ် မူတည်ပြီါ် သေချာရွေးရတာပါ။ ကျွမ်းကျင်တဲ့ Mortgage Specialist တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ရွေးချယ်ခြင်းက မှန်ကန်ပြီး သင့်တော်တဲ့ Mortgage Type ကို ရရှိစေပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page