Real Estate Agent မငှားပဲအိမ်ရောင်းတဲ့အခါဖြစ်လာနိုင်တဲ့ဆုံးရှုံးမှုများ
- arkar tm
- Sep 21
- 1 min read

အိမ်ရောင်းတဲ့အခါ ကုန်ကျစရိတ်လျော့ချင်လို့ real estate agent မငှားပဲရောင်းတာက အပေါ်ယံတွေးကြည့်ရင် ကိုယ့်အတွက်သေချာပေါက်ငွေကုန်သက်သာမယ့်ကိစ္စလို့တွေးမိကြမှာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒါကြောင့်ကြုံတွေ့ရမယ့်ပြဿနာတွေရှိတာကို သိထားသင့်ပါတယ်။
အရင်နှစ်ကအိမ်အရောင်းအဝယ်တွေကိစ္စတွေ အားလုံးမှာ Agent နှင့်ရောင်းတဲ့အိမ်တွေက Agent မပါပဲရောင်းခဲ့တဲ့အိမ်တွေထက် 15% လောက်ကို ဈေးပိုရခဲ့ကြပါတယ်။
ဒီဈေးကွာခြားမှုက တော်တော်လေးမြင့်မားပါတယ်၊ အခုလို အိမ်အရောင်း competitive ဖြစ်နေတဲ့ buyer ဈေးကွက်မှာ ကိုယ့်ဘာသာကိုယ်အိမ်ရောင်းခြင်းက ဆုံးရှုံးမှုအများအပြားဖြစ်လာနိုင်ပါတယ်။
အရင်နှစ်တွေတုန်းကဆိုရင် For Sale By Owner ဆိုင်းဘုတ်ကိုအိမ်ရှေ့မှာထောင်လိုက်ပြီး သင့်အိမ်ကို သင့်ဘာသာရောင်းချဖို့အတွက် အဆင်ပြေကောင်းပြေနိုင်ခဲ့ပါမယ်။ ဒါပေမယ့် ဒီနှစ်တွေထဲမှာတော့ ဒီလို လွယ်လွယ်ကူကူရောင်းပြီး အမြတ်များများပါရဖို့အတွက် မလွယ်ကူတော့ပါဘူး။ အခုလိုအိမ်အရောင်းတွေအရမ်းများလာတဲ့ခေတ်မှာ အရင်ကလို အိမ်အရောင်းတင်လိုက်တာနှင့် လူတွေအလုအယက်လာဝယ်ကြတော့မှာမဟုတ်ဘူး။ ဝယ်သူတွေ လာကြည့်ချင်အောင်၊ ဝယ်ချင်အောင် ကိုယ့်ဖက်က ပြင်ဆင်နိုင် ကြိုးစားနိုင်မှသာ Buyers တွေရတော့မယ်၊ ဒါကြောင့် အိမ်အရောင်းအဝယ်လုပ်ဖို့အတွက် professionals တွေရဲ့အကူအညီကို ယူကိုယူရပါတော့မယ်။
ပထမဆုံးအိမ်ကိုဈေးကွက်ပေါ်တင်ဖို့ အဖွင့်ရောင်းဈေးကို သေသေချာချာသတ်မှတ်ရတော့မယ်။ အိမ်ဈေးနူန်းကို market နှင့်အညီ attractive ဖြစ်တဲ့ပမာဏမျိုးကို အစကတည်းက မှန်မှန်ကန်ကန်မလုပ်နိုင်ခဲ့ရင် အိမ်အရောင်းမထွက်တာ ဒါမှမဟုတ် ဖြစ်သင့်တဲ့ဈေးနူန်းထက်ပိုလျော့ရောင်းမိလို့ အမြတ်တွေဆုံးရှုံးရတာတွေရှိနိုင်တယ်။ ဒါကြောင့် ဈေးနူန်းကို Market Trend နှင့်ရော Local Trend နှင့်ပါကိုက်လဲကိုက်ညီအောင်၊ ကိုယ့်အတွက်အမြတ်အများဆုံးလဲကျန်အောင် စီစဉ်သတ်မှတ်ဖို့က ကျွမ်းကျင်တဲ့ real estate agent တွေကသေသေချာချာစီမံပေးနိုင်တယ်။
ဒါ့အပြင် အိမ်ကိုဈေးကွက်မှာလူတွေပိုမြင်အောင် ထိရောက်တဲ့ Marketing တွေလုပ်ရမယ်၊ ပြီးတော့ အိမ် potential buyers တွေကိုလဲ အိမ်ရဲ့အားသာချက်နှင့်ရောင်းဈေးကိစ္စတွေအတွက် သေသေချာချာ စိတ်ရှည်ရှည်နှင့် negotiate လုပ်နိုင်ရမယ်။ ဒီအချက်တွေက professional agent တွေအရမ်းကိုကျွမ်းကျင်တဲ့အလုပ်ဖြစ်တယ်။ သူတို့က ကိုယ့်ထက်ပိုပြီးထိရောက်အောင်မြင်အောင်စွမ်းဆောင်ပေးနိုင်ကြတယ်။
အိမ်ခြံမြေဈေးကွက်ရဲ့ထိပ်တန်း Organization ဖြစ်တဲ့ Zillow က 21% သောအိမ်ပိုင်ရှင်တွေက သူတို့ဘာသာသူတို့အိမ်ရောင်းတာမအောင်မြင်တဲ့အတွက် real estate agent တွေနှင့်ချိတ်ဆက်လုပ်ကြပြီး အိမ်တွေကိုနောက်ဆုံးကြတော့ အောင်အောင်မြင်မြင်ရောင်းချနိုင်ခဲ့ကြတယ်လို့ပြောပါတယ်။
တကယ်တော်တဲ့ Real Estate Agent တစ်ယောက်က ဘယ်အရာတွေကြောင့်အိမ်ကိုဈေးကောင်းပိုရအောင်ရောင်းချပေးနိုင်ကြတာပါလဲဆိုတာက
(1) အိမ်ဈေးမှန်ကန်မှု
အိမ်ဈေးမှန်ကန်စွာသတ်မှတ်ရောင်းချနိုင်လို့ buyers တွေကိုဈေးကောင်းပေးဝယ်အောင် ဆွဲဆောင်နိုင်တယ်။
(2) Home Staging နှင့် Home Highlights Expert
ကိုယ့်အိမ်ကို အဝယ်သမားတွေမျက်စိကျစေဖို့ ပြင်ဆင်နေရာချမှုတွေကို ကျွမ်းကျင်စွာလုပ်ပေးနိုင်တယ်။ပြီးတော့ အိမ်ရဲ့အားသာချက်တွေကိုသေသေချာချာမြင်တွေ့အောင်စီစဉ်နေရာချပေးနိုင်တယ်။
(3) Pro Level Marketing
Agent တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် professional network တွေရှိတယ်၊ ဒါ့အပြင်ကိုယ့်အိမ်ကို တကယ်ဝယ်မယ့်သူတွေရဲ့မျက်စိထဲကိုရောက်သွားအောင် ကြော်ငြာပေးနိုင်တယ်။
(4)ကျွမ်းကျင်ပါးနပ်စွာ Negotiate လုပ်နိုင်ခြင်း
Buyers တွေလာပေးတဲ့ offers တွေကို သေသေချာချာတွက်ချက်သုံးသပ်ပြီး အများထဲက တစ်ခုကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်လို့ ကိုယ့်အတွက်အမြတ်တွေပိုရအောင်လုပ်ပေးနိုင်တယ်။ ဒီလိုလုပ်ဖို့အတွက်ဆိုရင် potential buyers တွေနှင့် စိတ်ရှည်ရှည် ပါးပါးနပ်နပ် ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းတွေ Agent ကောင်းတွေဆီမှာရှိကြတယ်။
(5) Local Market ကျွမ်းကျင်ကကျေညက်မှု
အားလုံးထဲမှာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ကိုယ့်ပါတ်ဝမ်းကျင်မှာ လာဝယ်တဲ့ buyers တွေက ဘာတွေကိုအဓိကကြည့်တယ်၊ ဘာတွေကို ဦးစားပေး၊ပိုကြိုက်တတ်ကြလဲဆိုတာ Local Agent တွေက သေသေချာချာသိတယ်။ ဒါကြောင့်လဲ အိမ်ရောင်းဖို့ negotiate လုပ်တဲ့အခါမှာ ပိုပြီးအောင်မြင်ပြီးစီးကြတာဖြစ်ပါတယ်။
သင်က ကိုယ့်အိမ်ကိုပဲရောင်းချင်တာ၊ real estate market ကိုနှစ်ရှည်လများ လေ့လာထားတဲ့ ဈေးပွက်ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူးဆိုရင် အပေါ်မှာပြောပြထားတဲ့ အချက်တွေကိုကိုယ်တိုင်လုပ်ဖို့ဆိုတာ အရမ်းကိုခက်ခဲ့ပါတယ်။ ကိုယ်တိုင်လိုက်လေ့လာမယ်ဆိုရင်လဲ အချိန်တွေအများကြီးပေးကိုပေးရပါမယ်။
ဒီလိုကျွမ်းကျင်မှုတွေမရှိပဲ အိမ်ရောင်းမယ်ဆိုရင် မတော်တဆဖြစ်နိုင်တဲ့ ပြဿနာနှင့် မပြည့်စုံတဲ့လိုအပ်ချက်တွေက ကိုယ့်အိမ်ရောင်းဈေးကိုထိခိုက်နိုင်သလို နှစ်နှင့်ချီပြီး အိမ်အရောင်းမထွက်ပဲ Market ပေါ်မှာသောင်တင်သွားနိုင်ပါတယ်။ဒါတွေက ကိုယ့်ရဲ့ Life Plan နှင့် Financial Situation တွေကိုပါ ကြန့်ကြာထိခိုက်နိုင်ပြီး ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အိမ်ရောင်းမယ့်သူတွေကို ကိုယ်တိုင်အိမ်ရောင်းဖို့ထက် ကိုယ်စိတ်ချရတဲ့ Talented Local Agent တွေနှင့်တွဲအလုပ်လုပ်ဖို့ကို အကြံပေးချင်ပါတယ်။



Comments