top of page

2024 မှာ အိမ်ရောင်းရင် လုပ်သင့်တဲ့ အချက် ၃ ချက်

  • Writer: Win Myat Thu
    Win Myat Thu
  • Feb 27, 2024
  • 1 min read

Updated: Feb 28, 2024

ဒီနှစ်အတွက် သင့်ရဲ့ goal က အိမ်ပြောင်းတာတို့ အိမ်ရောင်းတာတို့ဆိုရင်တော့ ဘာတွေတွေးထားရမလဲနဲ့ ခုလက်ရှိအိမ်ကို တွယ်တာနေမှာပါပဲ။


ဒီလိုခံစားချက်တွေကို တည်ငြိမ်အောင်လုပ်ဖို့ဆိုရင် သင်အိမ်ရောင်းတော့မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ အောက်မှာပြောပြသွားတဲ့ အချက်သုံးချက်ကို လက်ဝယ်ထားပြီး သတ္တိရှိရှိဆုံးဖြတ်လိုက်ပါ။


၁။ အိမ်အတွက်မှန်ကန်တဲ့ဈေးနှုန်းသတ်မှတ်ပါ။

Home price appreciation တွေပုံမှန်မြင့်တွေ့လာရပြီး mortgage rate တက်လာတာကြောင့် 2023 မှာ အိမ်ခြေဈေးကွက်က ပြောင်းလဲလာပါတယ်။ Seller တစ်ယောက်အနေနဲ့ ယနေ့ဈေးကွက်ပေါ်မူတည်ပြီး အိမ်ကို သေချာဈေးနှုန်းသတ်မှတ်ဖို့ အရေးကြီးတယ်ဆိုတာကို သိထားရပါမယ်။


"Sellers တွေအနေနဲ့ ပြည်တွင်းဈေးကွက်ကို အကျွမ်းတဝင်သိထားသင့်ပြီး Buyers တွေအတွက် ဆွဲဆောင်မှုရှိတဲ့ listing ဖြစ်ဖို့အတွက် အကျိုးဆောင်တွေနဲ့ လက်တွဲလုပ်ဆောင်ပါ။ ဈေးသက်သာတာရှာနေတဲ့ Buyers တွေက အနည်းငယ်ချေးများတက်ပါတယ်။ ဒါကြောင့် ဈေးအသင့်အတင့်နဲ့ အိမ်အခြေအနေအသင့်အတင့်ဆိုရင် ဝယ်မယ့်သူတွေ တန်းစီနေမှာပါ" ဆိုပြီး Hannah Jones, Analyst for Realtor.com ကပြောခဲ့ပါတယ်။


သင့်အိမ်ဈေးကို အရမ်းမြင့်ထားရင် ဝယ်မယ့်သူနည်းနိုင်ပြီး အရမ်းနှိမ့်ပြန်ရင်လည်း အိတ်စိုက်ပေးလိုက်ရလိုဖြစ်နိုင်ပါတယ်။ အတွေ့အကြုံရှိတဲ့ အကျိုးဆောင်တွေက သင့်အိမ်အတွက် သင့်လျော်တော့ ဈေးသတ်မှတ်ပေးပြီးတော့ အမြတ်များများနဲ့ မြန်မြန်ဝယ်သူရအောင် လုပ်ပေးနိုင်မှာပါ။


၂။ ကိုယ့်စိတ်ကိုသိပါ။

ယနေ့ခေတ်မှာ လူတွေက အရင်ထက် အိမ်မှာနေတဲ့ အချိန်ပိုများပါတယ်။ National Association of Realtors (NAR) အရ ၁၉၈၅ ခုနှစ်လောက်ထဲက အိမ်ပိုင်ရှင်တစ်ယောက်ရဲ့ အိမ်ပိုင်ဆိုင်မှုသက်တမ်းက ၆ နှစ်ကနေ ၁၀ နှစ်အထိရှိလာပါတယ်။


ဒါဟိုးအရင်ကနဲ့ယှဉ်ရင် အရမ်းတိုးတက်လာပါတယ်။ မကောင်းတဲ့ အချက်ကတော့ တစ်နေရာထဲမှာ အကြာကြီးနေရင် အဲ့နေရာကို ခင်မင်တွယ်တာတက်ပါတယ်။ အဲ့ဒီနေရာကသာ ကိုယ်ပထမဆုံးဝယ်ခဲ့တဲ့ အိမ် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတွေ ကြီးပြင်ခဲ့တဲ့အိမ်ဆိုရင် ပိုပြီးတော့ ကိုယ့်အတွက်တန်ဖိုးပိုရှိပါတယ်။ အခန်းတိုင်းမှာ အမှတ်တရတွေရှိတဲ့အတွက် အဲ့အိမ်ကနေ ခွာထွက်သွားဖို့ ခဲယဉ်းနိုင်ပါတယ်။


တစ်ချို့ ပိုင်ရှင်တွေအတွက် သင့်တင့်တဲ့ market price ထားဖို့ သူတို့ရဲ့ တန်ဖိုးက အရမ်းကြီးလွန်းပါတယ်။ ဒါကြောင့် သေချာညှိနှိုင်းပြီး ဈေးသတ်မှတ်ပေးမယ့် အကျိုးဆောင်တစ်ယောက်ဘေးနားမှာရှိဖို့လိုပါတယ်။ သင့်အတွက် အကျိုးကျေးဇူးရဖို့တွေးတဲ့ လူမျိုးကိုရှာပါ။


၃ ။ အိမ်ကိုသေချာပြင်ဆင်ထားပါ။

သင်ရဲ့အိမ်မှာ နေထားတဲ့ သက်တမ်းတစ်လျှောက် သင်သုံးထားတဲ့ အသုံးအဆောင်တွေ သင်ပြင်ဆင်ထားတဲ့ decorations တွေကို သင်ကြိုက်နိုင်ပေမယ့် buyers အကုန်လုံးကတော့ သင့်ရဲ့ vibe ကိုကြိုက်ချင်မှကြိုက်မှာပါ။ ဒါကြောင့် အိမ်ရဲ့ first impression ကို ဝယ်သူများများရအောင် သေချာပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။


Buyers တွေက သူတို့ကို သူတို့ သင့်အိမ်မှာ စိတ်ကူးကြည့်ဖို့လိုပါတယ်။ သူတို့ကိုသူတိ​ု့ ဒီအိမ်ထဲမှာ သင့်ဓာတ်ပုံတွေ သင့်ပစ္စည်းတွေနဲ့ မဟုတ်ဘဲ သူတို့ပိုင်ဆိုင်မှုတွေ ပစ္စည်းတွေနဲ့ မြင်ယောင်ကြည့်ရမှာပါ။ Deputy Chief Officer at NARs က Jessica Lautz ကလည်း " ဝယ်သူတွေက အိမ်အသစ်မှာ သူတို့ကိုသူတို့ စိတ်ကူးကြည့်လိုပါတယ်။ ဒါကြောင့် Home Staging က အိမ်ခန်းကို အကောင်းဆုံးခြေအနေမှာ ပြသဖို့ နည်းလမ်းကောင်းတစ်ခုပါ" ဆိုပြီးရှင်းပြထားပါတယ်။


Real Estate Agent တွေက သင့်အိမ်ကို အဆင်သင့်ရောင်းနိုင်ဖို့အတွက် လမ်းပြပေးမှာပါ။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page