Mortgage လျှောက်မယ်ဆိုရင် ပြင်ထားသင့်တဲ့ အချက် (၁၀)ချက်
- Win Myat Thu
- Dec 16, 2023
- 2 min read
ကိုယ့်ရဲ့ Credit ကို ကြည့်ပြီး အိမ်ဝယ်သင့်တယ်လို့ ဆုံးဖြတ်မိပြီလား?
ဒါဆိုရင်တော့ ဒီ အချက် (၁၀)ချက်ကို ဖတ်ပြီးမှ Mortgage Loan လျှောက်ဖို့ ဆုံးဖြတ်သင့်ပါတယ်။

၁။ Credit Report နဲ့ စပါ။
ပထမဆုံး Lenders ဘက်က တောင်းမှာက Credit ကို စစ်မှာပါ။ ဒါကြောင့် ကိုယ့်ဘက်ကလည်း Credit Monitoring ပုံမှန်လုပ်ဖို့ လိုပြီး ကိုယ့်အနေနဲ့ အကောင်းဆုံး အတိုးနှုန်းကို ရဖို့အတွက် Lender ဘက်က ယုံကြည်လောက်မယ့် Creditworthiness ရထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ Credit Report က ဖြစ်နိုင်သမျှ တိကျအောင်လုပ်ထားဖို့လည်းလိုပါတယ်။ ဒါမှ ကိုယ့် Scores တွေဟာ လိုချင်တဲ့အနေအထားမှာ ရှိနေမှာပါ။
၂။ အစီအစဉ်တကျဖြစ်ပါစေ။
ကိုယ့်ရဲ့ Credit Report ကို ပုံမှန်စစ်ပြီးရင်တော့ ကိုယ့်ရဲ့ Debt-to-Credit Ratio ကို ကြည့်ဖို့ လိုပါတယ်။ Debt-to-credit Ratio က အရမ်းမြင့်နေရင်တော့ ကိုယ့် Credit Score တွေကလည်းပြောင်းနေမှာပါ။ ကိုယ်သုံးနေတာမဟုတ်တဲ့ Account တွေ Address တွေတွေ့နေရင်တော့ Fraud ဖြစ်နိုင်တာမို့ သေချာ စုံစမ်းစစ်ဆေးထားဖို့လိုပါတယ်။
၃။ အိမ်စာလုပ်ပါ။
တကယ်တော့ အိမ်ဝယ်တယ်ဆိုတာကလည်း နေစရာအတွက်တင်မဟုတ်ဘဲ Financial Commitment တစ်ခုလုပ်တာပဲဖြစ်ပါတယ်။ အဲ့ဒီအိမ်မှာပဲ နှစ်များစွာနေသွားရမှာဖြစ်တဲ့အတွက် အကောင်းဆုံး ပြင်ဆင် စစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။ Loans တွေကို research လုပ်ပါ။ ကျွမ်းကျင်တဲ့ Mortgage Loan Advisor တွေနဲ့ လက်တွဲပါ။ ကိုယ်အိမ်ဝယ်တဲ့ လက်မှတ်မထိုးခင်အထိ တတ်နိုင်သမျှစေ့စပ်အောင် ပြင်ဆင်ဖို့လိုပါတယ်။ ဒီလိုမှလည်း ကိုယ့်စိတ်ကူးထဲက အိမ်ကို စျေးကောင်းကောင်း အတိုးနှုန်း သက်သက်သာသာနဲ့ ရနိုင်မှာပါ။
၄။ ကိုယ်တတ်နိုင်တာပဲ ဝယ်ပါ။
အိမ်ဝယ်တယ်ဆိုတာကလည်း American Dream (အမေရိကန်ရောက်သူတိုင်း မက်နေကြတဲ့ အိမ်မက်)ပါပဲ။ ဒါပေမယ့် ကိုယ်မနိုင်တဲ့ စျေးတွေနဲ့ အတိုးတွေနဲ့တော့ အိမ်မဝယ်သင့်ပါဘူး။ ကိုယ့် Budget နဲ့ ကိုက်ညီ သင့်တော်တာကိုပဲ ရှာသင့်ပါတယ်။
၅။ Lenders တွေဘယ်လို အလုပ်လုပ်လဲ နားလည်ဖို့လိုပါတယ်။
သင့်ရဲ့ Credit Score ပေါ်မူတည်ပြီး Lenders တွေက ကိုယ်ရနိုင်မယ့် amounts နဲ့ rates ကို ဆုံးဖြတ်တာပါ။ ဒါမှလည်း Lenders တွေက သင့်အနေနဲ့ အကြွေးပြန်ဆပ်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိနေမှာပါ။ ဒါကြောင့် Credit Score ကောင်းကောင်းရှိခြင်းကလည်း အရေးပါပါတယ်။
၆။ ဘယ်လိုမျိုး Plan နဲ့သွားမလဲ စဉ်းစားပါ။
များသောအားဖြင့် Mortgage Loan တွေဟာ 15-year mortgage နဲ့ 30-year-mortgage ရယ် fixed ရယ်ဆိုပြီး ရှိတတ်ပါတယ်။ ကိုယ့်အနေနဲ့ Security နဲ့ Guarantee လိုချင်တယ် အတိုးက တက်မလာစေချင်ဘူးဆိုရင်တော့ Fixed Rate Mortgage ကတော့ ကိုယ်နဲ့ ကိုက်ညီပါတယ်။ တကယ်လို့ Mortgage Rate က မငြိမ်လောက်ဘူးလို့ တွက်တဲ့အပြင် flexibility လည်း ပိုလိုချင်တယ်ဆိုရင်တော့ Adjustable Rate Mortgage ကိုယူတာက ပိုသင့်တော်ပါတယ်။
၇။ Down Payment များလေ ရွေးစရာများလေ
အပေါ်က နံပါတ် (၄)မှာ ပြောခဲ့သလိုပဲ ကိုယ်လိုချင်တာက ကိုယ့်မှာရှိတဲ့ ငွေနဲ့ နီးစပ်ဖို့လိုပါတယ်။ ဒါမှလည်း Downpayment များများချေပြီး ကိုယ့်အတွက် ပိုကောင်းတဲ့ terms ရမှာဖြစ်ပါတယ်။
၈။ Pre-payment Penalties တွေကိုလည်း စစ်ပါ။
ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် Mortgage ရွေးတဲ့အခါ ကိုယ့်အနေနဲ့ Mortgage ပေးတာနောက်ကျရင် ပင်နယ်တီရှိမလား မရှိဘူးလားကို စစ်ဖို့လိုပါတယ်။ တစ်ချို့ အိမ်ပိုင်ရှင်တွေက သူတို့ သတ်မှတ်ထားတဲ့ term ကုန်ကာနီးဆို Payment ကို နှစ်ဆတင်လေ့ရှိကြပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်ကို မြန်မြန်ရောက်ဖို့ သေချာအောင် Penalty ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။
၉။ ဦးတည်ချက်ရှိရှိနဲ့ Mortgage ကိုလျှောက်ပါ။
နှစ်ပတ်အတွင်းမှာ Mortgage တွေအများကြီးလျှောက်နေမယ်ဆိုရင် ကိုယ့်ရဲ့ Credit Score ကို ယူကြည့်သူများမှာဖြစ်ပြီး ကိုယ့်ရဲ့ Score ကို ထိခိုက်နိုင်ပါတယ်။ အဲ့လို ဖြစ်ရင် ကိုယ်လိုချင်တဲ့ rate ထက် နည်းရတာမျိုးတွေဖြစ်နိုင်ပါတယ်။
၁၀။ အခုမရသေးလည်း စိတ်မလောပါနဲ့။
အခုခေတ်မှာ အိမ်ပိုင်ဖို့ဆိုတာ တော်တော်တော့ ခဲယဉ်းပါတယ်။ စီးပွားရေးကောင်းမကောင်းပေါ်မူတည်ပြီးလည်း ကိုယ့်ရဲ့ financial circumstances က ပြောင်းသွားနိုင်ပါသေးတယ်။ လက်ရှိဖြစ်နေတဲ့ mortgage crisis ကြောင့် အိမ်ဝယ်သူအများစုကလည်း ပြဿနာတွေနဲ့ ကြုံနေရပါတယ်။ အိမ်ဝယ်မယ်ဆိုရင်တော့ Timing ကလည်း အရေးကြီးတာမို့ မလောပါနဲ့။
အခုဆိုရင်တော့ Mortgage မလျှောက်ခင် ပြင်ထားရမယ့်အချက်တွေကို သိသွားပြီဆိုတော့ ကိုယ့်ရဲ့ Credit Report နဲ့ လိုအပ်တဲ့ Document တွေရှာဖို့ အချိန်ပါပဲ။
Comments