What is Hyperinflation? | Hyperinflation ဆိုတာဘာလဲ?
- Nan Oo
- Feb 15, 2023
- 2 min read
ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ကုန်စျေးနှုန်းတက်မှု အမြင့်ဆုံးကို ရောက်ရှိနေပြီး လူနေမှုအသုံးစရိတ်က တနှစ်အတွင်းမှာပဲ 6.2 အထိမြင့်တက်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ ဒီလို ကုန်စျေးနှုန်းအမြင့်ဆုံးတက်နေတဲ့ ပြသနာက အချိန်တိုအတွင်းမှာ အလွယ်တကူနဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။
အခုဆိုကျွန်မတို့ကိုယ်တိုင် စျေး၀ယ်တဲ့အခါမြင်တွေ့နေရတဲ့အတိုင်း
စားသောက်ကုန်တွေက 8.6% စျေးတက်သွားတယ်။
ဓာတ်ဆီ၊ ဒီဇယ်ဆီ စျေးတွေ 60% ကျော်မြင့်တက်လာတယ်။
အိမ်ငှားခတွေ တနှစ်အတွင်း 16% တက်လာတယ်။
အခုလိုတက်လာတဲ့ စျေးနှုန်းတွေကိုပေးနေရတဲ့အတွက် ကျွန်မတို့ရဲ့ လုပ်အားခငွေက အပိုအလျှံသိပ်မရှိ တော့ တာကို သတိထားမိကြမှာပါ။ ဒါကြောင့် အခုမြင့်တက်လာတဲ့ စျေးနှုန်းတွေနဲ့ ယှဉ်ပြီး ကျွန်မတို့ရဲ့ ၀င်ငွေက မတိုးလာဘူးဆိုရင်တော့ ကျွန်မတို့ဟာ အရင်ကထက်ပိုပြီး စား၀တ်နေရေး ကျပ်တည်းလာတယ်လို့ ပြောရမှာပါ။
ငွေကြေးဖောင်းပွမှု အန္တရာယ်
ခုဒီလိုဖြစ်နေရတဲ့
အဓိကအကြောင်းရင်းကဘာကြောင့်ပါလဲ?
ဘယ်လောက်ကြာနိုင်မလဲ?
ဒီအန္တရာယ်ကနေ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ် ရမလဲ?
ဆိုတာတွေကို ဒီ Blog Post မှာ ရှင်းပြပေးသွားမှာပါ
အစိုးရက ငွေတွေအများကြီး ရိုက်နှိပ်လိုက်တဲ့အခါ..........

Inflation အဓိက ဖြစ်စေတဲ့အချက်ဟာ "ငွေစက္ကူတွေကို အများကြီး ရိုက်ထုတ်တဲ့အတွက် ငွေကြေးစျေးကွက်ထဲမှာ လည်ပတ်နေတဲ့ ငွေတွေက အတိုင်းအဆမရှိ တိုးလားပြီး ငွေကြေးတန်ဖိုးကျသွားခြင်း" ကိုဆိုလိုတယ်ဆိုတာ မမေ့ဖို့ပါ။
အရင်က ပုံမှန်၀ယ်နေကျ ပစ္စည်းကိုပဲ အခုလို Inflation ဖြစ်လာတဲ့အခါမှာ ပိုက်ဆံပိုပေးပြီးမှ ၀ယ်လို့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် 40 အတွင်းမှာ Inflation rate က ပုံမှန်ကျဆင်းနေခဲ့တာကိုတွေ့ရမှာဖြစ်ပြီး။
အဓိက အချက်ကတော့ ထုတ်ကုန်တွေကို ပိုပြီး ထုတ်နိုင်လာတာကြောင့်ပါ။ ကုန်ပစ္စည်း အမြောက်အများ ကို ကုန်ကျစရိတ်နဲနဲနဲ့ ထုတ်နိုင်တာကြောင့် ငွေကြေးတန်ဖိုး ကိုထိန်ထားနိုင်တာပဲဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင် ၁၈လလောက်ကြာတဲ့ ကာလအတွင်းမှာပဲ လက်ရှိ ရှိနေတဲ့ ဒေါ်လာအားလုံးရဲ့ 40% ကို ထပ်ပြီး ရိုက်ထုတ်ခဲ့တာကြောင့် အခုလက်ရှိ ကျွန်မတို့တွေ့နေရတဲ့ Inflation ကတော့ အရင် ထက် အဆများစွာဆိုးရွား ပြင်းထန်သွားပါတယ်။
ဒီလိုဖြစ်နေချိန်မှာပဲ အခုလက်ရှိ Government က Dollars Trillion ပေါင်းများစွာ တန်တဲ့ Stimulus Package တွေကို ခွင့်ပြုခဲ့တာကြောင့် ဒီ Inflation ရဲ့ အန္တရာယ်ကို ပိုဆိုးလာစေပါတယ်။
ဘာကြောင့် Inflation ဖြစ်ရသလဲ?
ပထမဆုံး Inflation ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကိုနားလည်ဖို့ အောက်က Chart လေးကို ကြည့်လိုက်ပါ။

နောက်တစ်ခုကတော့ပစ္စည်းစျေးနှုန်းတွေတက်တော့လူတွေက ငွေပိုရှာရတယ်။ လစာပိုပေးတဲ့ အလုပ်တွေကို ပြောင်းတယ်။ နောက်ပြီး လစာတိုးလာတော့ ပိုသုံးတယ် ပိုသုံးတော့ စျေးပိုတက်တယ် အလုပ်ရှင်တွေက အလုပ်သမားကောင်းရဖို့ပိုပေး အဲ့တော့ မုန့်လုံးစက်ကူကပ်သလိုပဲ ရှေ့ကပြောခဲ့တဲ့ အချက်တွေသံသရာပြန်လည်တယ်
ကုန်ပစ္စည်း ပို့ဆောင်ရေးစရိတ်တွေမြင့်တက်ခြင်း

ကုန်ထုတ်လုပ်မှုအတွက် ကုန်ကြမ်းတွေကို နိုင်ငံခြားကမှာရတော့ ဒီသယ်ယူပို့ဆောင်ခတွေမြင့်တက်လာတာကလည်း ကုန်ပစ္စည်းစျေးတွေတက်စေတဲ့ အကြောင်းတစ်ခုဖြစ်လာပါတယ်။ 2021 မှာပစ္စည်းသယ်တဲ့အခါသုံးတဲ့ ကွန်တိန်နာခတွေက တကမ္ဘာလုံးမှာ 126% အထိ စျေးတက်လာကိုတွေ့ရပါတယ်။
ဆိပ်ကမ်း ကကုန်တင်ကုန်ချလုပ်တဲ့ Cargo Ships တွေ ရဲ့ နေရာငှားခတွေလဲစျေးတက်လာတဲ့အပြင် ကုန်တင်ကုန်ချလုပ်မဲ့ အလုပ်သမားတွေလည်း ရှားပါးလာတဲ့အတွက် ဒီ ပင်လယ်ကူးသဘောတွေက ဆိပ်ကမ်းမှာ ပစ္စည်းချဖို့ လနဲ့ချီပြီး စောင့်ရပါတော့တယ်။ ဒီလိုမျိုး ပစ္စည်းတွေအချိန်မီမရောက်တဲ့ပြဿနာတွေကြောင့် ကုန်ထုတ်မှုနှောင့်နှေးသွားပါတယ်။ ဒီအချိန်မှာ ၀ယ်လိုအားက ပိုပြီးထိုးတက်လာတာဖြစ်လို့ ကုန်စျေးနှုန်းတွေလဲ လိုက်တက်သွားပါတယ်။
ကုန်ပစ္စည်းအရည်သွေး ကျဆင်းခြင်း

နောက်တခုက Shadow inflation ဆိုပြီး ကျွန်မတို့ သတိမထားမိတဲ့ inflation တစ်ခုပါ။ စျေး၀ယ်တဲ့အခါ ပစ္စည်းတွေက ကိုယ်ပေးနေကျစျေးအတိုင်းပဲ ပေးရတယ်ဆိုပြီး အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ပါတယ်။ စျေးကတူပေမဲ့ ပစ္စည်းအရေအတွက် နဲ့ အရည်အသွေးတွေ ကျသွားတာပါ။ ကိုယ်၀ယ်နေကျ ဆပ်ပြာ တစ်ဘူးက အရင်ကနဲ့ စျေးတူပေမဲ့ ပါဝင်တဲ့ အလေးချိန်လျော့သွားမယ်။ သုံးနေကျ ကုန်ကြမ်းအမျိုးအစားမတူတော့ပဲ စျေးပို သက်သာတာတွေသုံးကြပါတယ်။
ဒီအချက်တွေက inflation ကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေဖြစ်ပြီးတော့ ပုံမှန် inflation နှုန်းက နိုင်ငံရဲ့ စီးပွါးရေးမှာ အထောက်အကူဖြစ်စေတဲ့အတွက် အကြောင်းမဟုတ်ပေမဲ့ ခုဖြစ်ပေါ်နေတဲ့ Hyperinflation
ကတော့ ကျွန်မတို့တွေရဲ့ လူနေမှုဘ၀ကို အကြီးအကျယ်ကျပ်တည်းစေနိုင်ပါတယ်။
သမိုင်းထဲက Hyperinflationတွေ အကြောင်း

အခုဖြစ်ပေါ်နေတဲ့ Hyperinflation ပြသနာမျိုးအရင်ကရော မဖြစ်ခဲ့ဘူးလားဆိုတော့ ဖြစ်ခဲ့တာပေါ့.
1913- 1919 မှာ Inflation က 19% ရှိခဲ့ပါတယ်။
WWI မှာ စစ်ဖြစ်တဲ့အတွက် စစ်ကာလအတွင်းမှာ Supply လုံလောက်အောင်ထုတ်ကုန်တွေအလျင်အမြန်ထုတ်ရတယ် အခြေခံပစ္စည်းတွေရှားပါတဲ့အတွက် စျေးနှုန်းတက်ပြီး Inflation ဖြစ်ခဲ့ပါတယ်။
1940-1950 မှာ နောက် ထပ် WWII ဖြစ်တော့ စစ် စရိတ်တွေ နဲ့ ပစ္စည်းရှားပါမှုတွေကြောင့် ကုန်စျေးနှုန်းကထပ်တက်ခဲ့ပါတယ်။
ဒီကာလအတွင်းမှာပဲ Inflation ဖြစ်သလို Deflation ဆိုတဲ့ ငွေကြေးတန်ဖိုးတက်တာတွေလဲ ရှိခဲ့တဲ့အတွက် 1910 – 1960 ကာလအတွင်းကို ခြုံငုံကြည့်မယ်ဆိုရင် ပျမ်းမျှအားဖြင့် တနှစ်ကို ငွေကြေးဖောင်ပွမှု 1% ပဲရှိခဲ့တယ်။
1970 မှာတော့ နောက်ထပ် Inflation 12% တက်တာကိုကြုံခဲ့ရပြီး US government က Dollar ရဲ့တန်ဖိုး ကို Gold Standard လို့ခေါ်တဲ့ ရွှေရဲ့ တန်ဖိုးနဲ့ တိုင်းတာတဲ့ စနစ်ကနေ ဖြုတ်ခဲ့တာကြောင့် အဲ့ဒီလို Double Digit Inflation နဲ့ကြုံခဲ့ရတာပါ။
အဲ့နောက်ပိုင်းမှာတော့ Inflation နှုန်းက မကြာသေးခင် Covid 19 မဖြစ်ခင်အထိ ပုံမှန် တည်ငြိမ်ခဲ့တယ်။ 1975 – 2020 အထိ တနှစ်ကို ပုံမှန် 2%တက်နေခဲ့တယ်။ ဒါပေမဲ့ 2020 ကစပြီး တရိတ်ရိတ်နဲ့တက်လာတဲ့ ငွေကြေးဖောင်းပွနှုန်းက အခုဆို ရင် နှစ် ပေါင်း 30အတွင်းအမြင့်ဆုံးဖြစ်နေခဲ့တယ်။
Federal Reserve လို့ ခေါ်တဲ့ နိုင်ငံရဲ့ ဗဟိုဘဏ်က အကြီးအကဲကပြောတာက ဒီ Inflation ပြသနာက ယာယီသာဖြစ်တယ် စိုးရိမ်ဖို့မလိုကြောင်းပြောနေပေမဲ့ တခြား စီးပွါးရေးပညာရှင်တွေ ကျွမ်းကျင်သူတွေကတော့ ဒီ Hyperinflation ရဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေကိုထောက်ပြကြတယ်။
အခုလက်ရှိလဲ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အတွက် ကျွန်မတို့တွေ ဘယ်သူ့ကိုယုံရမယ်ဆိုတာတော့ ကိုယ့်ဟာကိုပဲ စဉ်းစားရမှာပါ။ IRS ကထုတ်ပြန်တာကတော့ inflation ကြောင့် ၂၀၂၂ မှာ အခွန် ကောက်ခံတဲ့ နှုန်းထားတွေတိုးမြှင့်ဖို့ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Inflation က ဘယ်လောက်ကြာနိုင်လဲ?
အခု ဘာကြောင့် Inflation ဖြစ်တယ် ဆိုတာသိရင် ဘယ်လောက်ကြာနိုင်တယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်အရဆိုရင် ဒီ Inflationအန္တရာယ်ကို ကျွန်မတို့အနေနဲ့ နောက် ထပ် ၂ နှစ်ကနေ ၃ နှစ် အထိ ခံရနိုင်ပါတယ်။ ကျွန်မလဲ ကိုယ် လေ့လာထားတဲ့ သတင်းတွေအပေါ်မူတည်ပြီး ခန့်မှန်းတာဖြစ်တဲ့ အတွက် ဗေဒင် ဟောသလို အကြားအမြင် ရနေသလိုတော့ သေချာပေါက် အာမမခံနိုင်ပါဘူး။
Inflation အန္တရာယ်ကနေဘယ်လို ကာကွယ်မလဲ?
မိမိရဲ့ ပိုင်ဆိုင်မှုတွေ စုငွေတွေကို ဒီ Inflation အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြဖို့ အကြံပေးချင်ပါတယ်။ ငွေကို ဒီအတိုင်း လက်ထဲမှာ သိမ်းထားတာထက်စာရင် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခြင်းဖြင့် မိမိ ပိုင်ဆိုင်မှု တွေ တန်ဖိုးလျော့ကျသွားခြင်းက ကာကွယ်နိုင်ပါတယ်။
စတော့မားကတ်မှာ Invest လုပ်မယ်ဆိုရင်လဲ တန်ဖိုးရှိတဲ့ Value stocks တွေ Recession Proof လို့ခေါ်တဲ့ စီးပွါးရေးကျရင်တောင် တန်ဖိုးမကျနိုင်တဲ့ Stocks တွေ မှာရေရှည် ရင်းနှီးမြှုပ်နှံပါ။
အိမ်ခြံမြေ မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရင် အတိုးနှုန်း တွေ ပြန်မတက်ခင် Investment Property တွေကို Future Growth ရှိနိုင်မဲ့နေရာတွေမှာ အတိုးနဲနဲနဲ့ ရေရှည် စီမံကိန်းထားပြီး မြှုပ်နှံသင့်ပါတယ်။
တန်ဖိုးရှိတဲ့ Assets တွေဖြစ်တဲ့ Gold/Silver စတာတွေကို ၀ယ်ထားလဲရပါတယ်။
နောက်တခုက အခု နောက်ပိုင်းပေါ်တဲ့ Digital Currency တွေ၀ယ်ထားလို့လဲရပါတယ်။ သူတို့ ကို၀ယ်ပြီးကိုင်ထားရင်တော့ တခြား Active Investment တွေဖြစ်တဲ့ Stocks တွေ Real Estate တွေလိုတော့ Return မရနိုင်ဘူး။
ဒါပေမဲ့ ကိုယ့်ပိုင်ဆိုင်မှုတွေ Inflation ကြောင့် တန်ဖိုးကျသွားမဲ့ အန္တရာယ်ကတော့ကာကွယ်နိုင်ပါတယ်။
အခုကျွန်မရှင်းပြသွားတာကို သဘောကျရင် ဒီ Blog Post လေးကို Like & Share လုပ်ဖို့ မမေ့ပါနဲ့။
နောက်ထပ်သိချင်တာရှိရင်လဲ Comment မှာ မေးထားလို့ရပါတယ်။ ကျွန်မရဲ့ Basic Investment Training သင်တန်းမှာတော့ Stock Market မှာ ရင်းနှီးမြှုပ်နှံနိုင်အောင် အခြေခံကစပြီး သင်ပေးတဲ့အတွက် စိတ်၀င်စားရင် ခုပဲ စာရင်းပေးပြီး လေ့လာလို့ရပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်



link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link link