top of page

မီလျံနာတွေကို အောင်မြင်စေတဲ့ အကျင့် (၈)ခု

  • Writer: Nan Oo
    Nan Oo
  • Apr 7, 2023
  • 2 min read

ကမ္ဘာတစ်လွှားမှာ ချမ်းသာတဲ့ မီလျံနာတွေ အောင်မြင်နေတာက ဒီတိုင်း ချက်ချင်းကြီးဖြစ်လာတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ အောင်မြင်စေတဲ့ အကျင့်ကောင်းတွေကို အမြဲလက်ကိုင်ထားနေလို့ပါ။ ဒါဆို ဒီ မီလျံနာဖြစ်တဲ့ အထိအောင်မြင်စေတဲ့ အကျင့်တွေက ဘာတွေဖြစ်မလဲ?


၁။ Personal Development အတွက် စာဖတ်ပါ


ree

Millionaires တွေမှာ တွေ့ရများတဲ့ အလေ့အကျင့်တစ်ခုကတော့ စာဖတ်ခြင်းပါပဲ။ ဥပမာအားဖြင့် သင်က entrepreneur တစ်ဦးဖြစ်တယ်ဆိုပါက စီးပွါးရေးလုပ်ငန်းတွေ တိုးတက်ဖို့ အရည်ချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့ လုပ်ငန်းပိုင်ရှင်ဖြစ်ဖို့ စာဖတ်ဖို့လိုပါတယ်။ စာဖတ်ခြင်းက သင့်အား အဆင့်မြင့်ကျောင်းတွေကိုသွားစရာမလိုဘဲ ပိုမိုတိုးတက်လာဖို့နဲ့ ပညာရပ် အသစ်တွေကို သင်ယူနိုင်ဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။


ကိုယ်တိုင်ကြိုးစားပြီးဖြစ်လာတဲ့millionaires တို့ရဲ့ 85% ဟာ လစဉ် အနည်းဆုံး စာအုပ် နှစ်အုပ် သို့မဟုတ် ထို့ထက် ပိုဖတ်ကြတယ်လို့ သုတေသနအရ တွေ့ရှိရပါတယ်။ Warren Buffett က ဒီထဲက တစ်ဦးဖြစ်ပါတယ်။ သူ့တစ်နေ့တာရဲ့ 80% ကို စာဖတ်ပါတယ်။ သူ့ရဲ့ ရင်းနှီးမြုပ်နှံမှု အသက်မွေးဝမ်းကြောင်းရဲ့ အစောပိုင်းကာလတွေမှာ တစ်ရက်တည်းမှာ စာမျက်နှာ 600 မှ 1000 အထိ ဖတ်ခဲ့ပါတယ်။


Millionaires များက သူတို့ကိုယ်တိုင် တိုးတက်ဖို့အတွက်လည်း စာအုပ်တွေကနေ သင်ယူကြပါတယ်။ ခုခေတ်မှာတော့ စာဖတ်တာအပြင် Audio books တွေကတဆင့် စာတွေကို လေ့လာနိုင်ပါတယ်။ အချိန်မအားတဲ့ သူတွေ အနေနဲ့ Audible, Blinkist အစရှိတဲ့ appတွေကနေ အကျိုးရှိတဲ့ စာပေတွေကို လေ့လာနိုင်ပါတယ်


၂။ ဝင်ငွေအရင်းအမြစ်များစွာကို ဖန်တီးပါ Establish Multiple Sources of Income


ree


အောင်မြင်သူတွေဟာ ဝင်ငွေ တစ်ခုတည်းပေါ်မှာ မမူတည်ပါဘူး။ millionaire တိုင်းမှာ ဝင်ငွေ ကို နေရာများစွာကရနိုင် ကြပါတယ်။ ဒီလိုလုပ်ခြင်းက သူတို့အား စီးပွားရေးစိန်ခေါ်မှုများကို စီမံခန့်ခွဲရန်နှင့် ငွေပိုရှာရန် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အခုလက်ရှိ ၀င်ငွေတစ်ခုထဲရှိတယ်ဆိုရင် တခြား ကိုယ်ဘာတွေလုပ်နိုင်တယ်ဆိုတာစဉ်းစားပြီး လိုအပ်ရင် ကိုယ့်ကိုယ်ကို တိုးတက်အောင် ပညာရပ်အသစ်တွေ အသက်မွေး၀မ်းကြောင်း ပညာရပ်တွေ ‌လေ့လာသင်ယူနိုင်ပါတယ်။



၃။ လစဉ်ဘတ်ဂျက်သတ်မှတ်ပြီး ပိုမသုံးမိအောင် နေထိုင်ပါ။



ree

Millionaire တွေက ကံကို မယုံကြည်ကြပါဘူး။ ၀င်ငွေနဲ့ အသုံးစရိတ်များကို သေချာသိရှိအောင်လုပ်ကြပါတယ်။ ဒါကို အခြေခံပြီး လစဉ်ဘတ်ဂျက်ကို ချမှတ်ကာ နေထိုင်တတ်ကြပါတယ်။


ဘတ်ဂျက်သုံးခြင်းရဲ့ အဒိက ကတော့ မလိုအပ်သော အသုံးစရိတ်များကို လျှော့ချရန် ဖြစ်ပါတယ်။ ဒါက သင့်ရဲ့ financial life ကို အပြည့်အဝထိန်းချုပ်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။ Budgeting ပြုလုပ်ခြင်းကြောင့် အလွန်အကျွံ ငွေသုံးစွဲခြင်းကနေ ရှောင်ရှားစေရာမှတဆင့် သင့်ရဲ့ financial goals များအောင်မြင်ရန် အထောက်အကူဖြစ်နိုင်ပါတယ်။


၄။ ငွေကို စီမံခန့်ခွဲပြီး တိုးပွားအောင်လုပ်ပါ။


ree

Millionaire တစ်ဦးအတွက် အသိသာဆုံး education ကတော့ financial အသိပညာ ကြွယ်ဝခြင်းပဲဖြစ်ပါတယ်။ financial အသိပညာမရှိဘဲ financial freedom ကို မည်သူမျှ မရနိုင်ပါဘူး။ ဒါဟာ millionaires တွေက သူတို့ ဝင်ငွေမည်မျှပင်ရှိစေ အခွန်ဆိုင်ရာ ဗျူဟာများနဲ့ပတ်သက်ပြီး အမြဲတမ်း သိရှိနေဖို့ လုပ်ဆောင်ကြပါတယ်။ အစိုးရကို ပေးရတဲ့သူတို့ရဲ့ tax bills တွေကို လျှော့ချဖို့ အမြဲကြိုးစားနေကြတာပါ။



၅။ အကြွေးအား ရှောင်ပါ။

ree

ကမ္ဘာတစ်ဝှမ်းမှ millionaires များအား ခွဲထုတ်နိုင်သော နောက်ထပ်အလေ့အထတစ်ခုမှာ သူတို့ရဲ့ အကြွေးကို စီမံခန့်ခွဲပုံဖြစ်ပါတယ်။ သူတို့က ကြွား၀ါတဲ့ နေထိုင်မှုပုံစံကို မနေထိုင်ကြပါ။ အဲဒီအစား သူတို့လိုအပ်တာကိုပဲ ဝယ်ပြီး credit cards တွေသုံးရင်လဲ သူတို့ပေးချေနိုင်တယ့် အရာကိုပဲ ဝယ်ယူကြပါတယ်။ သူတို့ရဲ့ credit cards များကို အသုံးပြု၍ မလိုအပ်တဲ့ ပစ္စည်းတွေကို သုံးစွဲတာကို မလုပ်ကြပါဘူး။


၆။ နေ့စဉ်ပန်းတိုင်များ သတ်မှတ်ပါ။


ree

လုပ်ငန်းတစ်ခု၊ အသက်မွေးဝမ်းကြောင်းတစ်ခု သို့မဟုတ် ငွေကြေးဆိုင်ရာ ခန့်မှန်းချက်များကို ဖန်တီးနေတယ်ဆိုရင်တောင်မှ millionaires တို့မှာ ရေတိုရည်မှန်းချက်တွေအား အောင်မြင်စွာ ချမှတ်တတ်ကြပါတယ်။ သူတို့က သူတို့ရဲ့ ရေရှည်ရည်မှန်းချက်များ အောင်မြင်ရန်အတွက် နေ့စဉ်နှင့် အပတ်စဉ် goals များကို plan တတ်ကြပါတယ်။ နေ့စဥ်ရည်မှန်းချက်များ ချမှတ်ပြီး အရေးကြီးဆုံး အရာတွေကို ဦးစားပေး လုပ်ဆောင် ခြင်းဖြင့် ကိုယ့်ရည်မှန်းချက်ပန်းတိုင် အချိန်တိုအတွင်း ရောက်ရှိနိုင်ရန်ကူညီပေးပါတယ်။


၇။ ချမ်းသာတဲ့ပုံစံ ဟန်မဆောင်ပါနဲ့


ree

တကယ့် goal က ချမ်းသာတဲ့ပုံစံ ဟန်ဆောင်ဖို့မဟုတ်ဘဲ အမှန်တကယ် ချမ်းသာဖို့ပါ။ စိတ်ဝင်စားစရာကောင်းတာက စျေးအကြီးဆုံး ကား Brands တွေရဲ့ ၈၆ ရာခိုင်နှုန်းလောက်ဟာ millionaires မဟုတ်သူတို့က ဝယ်ယူကြတာဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝသူတွေဟာ ထူးခြားဆန်းပြားတဲ့ ကားတွေကို မောင်းတတ်တယ်လို့ လူအများစုက ထင်ကြပေမယ့် စျေးကြီးတဲ့ ကားတွေကို အများဆုံးဝယ်ယူသူတွေကတော့ millionaires ဟန်ဆောင်နေတဲ့ အတုယောင်တွေသာ ဖြစ်ပါတယ်။


Experian Automotive Researchers ရဲ့ တွေ့ရှိချက်များအရ ဒေါ်လာ 250,000 သို့မဟုတ် ထို့ထက်ပိုတဲ့ ဝင်ငွေရှိသော လူများရဲ့ 61% က ဇိမ်ခံကားတွေကို ဝယ်ယူလေ့မရှိပါဘူး။ အဲ့အစား သူတို့က အခြားကမ္ဘာတစ်ဝှမ်းလုံးကသူများကဲ့သို့ Hondas၊ Toyotas နှင့် Ford တို့ကို ဝယ်ယူကြပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက နှစ်အနည်းငယ်အတွင်း တန်ဖိုးကျဆင်းမယ့် ပရီမီယံကားများပေါ်တွင် ငွေကြေးမသုံးစွဲလိုတာကြောင့် ဖြစ်ပါတယ်။ Millionaires များက နောင်တစ်ချိန်မှာ တန်ဖိုးတက်လာမယ့် အိမ်ခြံမြေ လို ပိုင်ဆိုင်မှုများမှာသာ ရင်းနှီးမြှုပ်နှံကြပါတယ်။


၈။ အလျင်အမြန် ချမ်းသာလာမယ့်နည်းလမ်းအား ရှောင်ရှားပါ

ree

လူအတော်များများက အလျင်အမြန် ချမ်းသာလာမယ့်နည်းလမ်းကို လုပ်ဆောင်လိုကြပါတယ်။ ငွေကို လွယ်လွယ်ရနိုင်တဲ့ နည်းလမ်းတွေ နဲ့ ချမ်းသာဖို့ ဖြတ်လမ်းက လိုက်တဲ့သူ တွေက များသောအားဖြင့် နောက်ဆုံးမှာ မအောင်မြင်ကြတာများပါတယ်။ အောင်မြင်ဖို့အတွက် အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။


ဒီလောက်ဆိုရင် မီလျံနဲ့ ချီပြီး ချမ်းသာတဲ့ သူဖြစ်ဖို့အတွက် ဘယ်လို အလေ့အကျင့်တွေလုပ်ရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ ဒါက သင့်အတွက် အကျိုးရှိတယ်ဆိုရင် အခြားသူတွေအတွက် မျှဝေပေးဖို့ မမေ့နဲ့နော်။



 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page