top of page

Tacoma, Washington ကို ပြောင်းသင့်တဲ့ အချက် ၁၀ ချက်

  • Writer: Win Myat Thu
    Win Myat Thu
  • Apr 16, 2024
  • 2 min read

သင်က Tacoma, Washington ကိုပြောင်းဖို့ စဉ်းစားနေပါသလား?

Tacoma က သူရဲ့  သဘာဝအလှတရားတွေ သာယာတဲ့ ရာသီဥတုနဲ့ မျိုးစုံလှတဲ့ ယဉ်ကျေးမှုတွေကြောင့် ပစိဖိတ် အနောက်မြောက် တစ်ခွင်မှာ အနေချင်ကြဆုံး နေရာတွေထဲက တစ်ခုဖြစ်နေတာပါ။ လူတော်တော်များများက Tacoma ရဲ့ ကောင်းမွန်တဲ့ စီးပွားရေး အခြေအနေတွေ ကျောင်းကောင်းတွေနဲ့ လုပ်စရာ activities တွေ များပြားတာကြောင့် Tacoma ကို အိမ်အနေနဲ့ ရွေးချယ်လာကြတာပါ။ ဒီနေ့ ဆောင်းပါးထဲမှာတော့ Tacoma, WA ကိုပြောင်းသင့်တဲ့ အချက် ၁၀ ချက်ကိုပြောပြပေးသွားပါမယ်။


၁။ ဈေးသက်သာတဲ့ နေထိုင်မှုစရိတ်


Seattle နဲ့ Portland လို တခြားမြို့တွေနဲ့ ယှဉ်ရင် Tacoma က နေထိုင်စရိတ် သက်သာတဲ့ အတွက် ပိုက်ဆံ သိပ်ချွေတာစရာမလိုဘဲ ကောင်းမွန်တဲ့ အခြေအနေနဲ့ နေနိုင်မှာပါ။ အိမ်စရိတ် သွားရေးလာရေးနဲ့  အသုံးစရိတ်ကလည်း ပြည်နယ်ထဲက တခြားမြို့ကြီးတွေနဲ့ ယှဉ်ရင် အလွန်သက်သာတဲ့အတွက် ငွေကုန်ကြေးကျမများပဲ ကောင်းကောင်းမွန်မွန်နေထိုင်ချင်တဲ့ သူတွေအတွက် Tacoma ဟာအဆင်ပြေဆုံးနေရာတစ်ခုဖြစ်နေတာပါ။ 


၂။  တိုးတက်နေတဲ့ စီးပွားရေး အခြေအနေ


Tacoma ရဲ့ စီးပွားရေးအခြေအနေက လုပ်ငန်းခွင်မျိုးစုံရှိတဲ့အပြင် ကျန်းမာရေး၊ ပညာရေး၊ ကုန်ထုတ်လုပ်မှု၊ စက်မှုလက်မှုနဲ့  ထောက်ပံ့ပို့ဆောင်ရေး နယ်ပယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအများကြီး ရှိတာပါ။ ဒီမြို့က Joint Base Lewis-McChord, State Farm Insurance နဲ့ Multicare Health System တို့လို အလုပ်ရှင်ကြီးတွေ ကျက်စားရာနေရာလည်း ဖြစ်ပြီး အလုပ်တည်တံ့ရေးနဲ့ တိုးတက်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ 


၃။ သင့်တင့်တဲ့ ရာသီဥတု


Tacoma ဟာ နွေးထွေးတဲ့ နွေရာသီနဲ့ အရမ်းမအေးလွန်းတဲ့ ဆောင်းရာသီရှိတာကြောင့် တစ်နှစ်ပတ်လုံး ပြင်ပလှုပ်ရှားမှုတွေ လုပ်နိုင်မှာပါ။ ဒီမြို့က တစ်နှစ်ကို ပျမ်းမျှနေသာတဲ့နေ့ ၁၆၂ ရက်ရှိတဲ့အတွက် ပြင်ပမှာ ပျော်ပါးဖို့ ကောင်းမွန်တဲ့ မြို့တစ်ခုပါ။



၄။ ရင်သက်ရှုမောဖွယ်ကောင်းတဲ့ သဘာဝအလှတရားတွေ 


Tacoma ရဲ့ သဘာဝအလှက သူ့မြို့ရဲ့ အဓိက ဆွဲဆောင်မှုပါ။ ရင်သက်ရှုမောဖွယ်ကောင်းတဲ့ Rainier တောင်နဲ့ Puget Sound ရဲ့ရှုခင်းတွေက ဆွဲဆောင်မှုအရမ်းရှိတာပါ။ မြို့ထဲမှာ ပန်းခြံတွေ ဥယျာဉ်တွေနဲ့ Point Defiance Park, Foss Waterway Seaport, Ruston Way Waterfront လ်ို မှင်သက်ရှုမောဖွယ်ကောင်းတဲ့ နေရာတွေရှိသလို မြို့သူမြို့သားတွေ လျှောက်လည်လို့ရတဲ့ နေရာတွေလည်း ရှိပါသေးတယ်။ 


၅။ အကောင်းဆုံးကျောင်းတွေ 


Tacoma က အလွန်ကောင်းမွန်သော ကျောင်းများစွာရဲ့ အိမ်တစ်ခုပါ။ University of Puget Sound, Tacoma Community College, Pacific Lutheran University, နဲ့ rating များတဲ့ အစိုးရကျောင်းတွေနဲ့ K-12 ကျောင်းတွေရှိပါတယ်။ ​Tacoma မှာ ကျယ့်ပြန့်တဲ့ ပညာရေးအရင်းအမြစ်များစွာကို ရရှိနိုင်တဲ့ စာကြည့်တိုက်ခွဲများစွာရှိပါတယ်။


၆။ များပြားတဲ့ ယဉ်ကျေးမှုတွေ


Tacoma မှာ ပြတိုက်တွေ အနုပညာပြခန်းတွေနဲ့ ဖျော်ဖြေရေးနေရာတွေနဲ့အတူ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေရှိပါတယ်။ The museum of Glass, Tacoma Art Museum နဲ့ Broadway Centre for the Performing Arts တွေက Tacoma ကို စိတ်လှုပ်ရှားဖွယ်နေရာအနေနဲ့ ဖန်တီးပေးထားတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေထဲက တစ်ချို့ဖြစ်ပါတယ်။ 


၇။  Foodie တွေအတွက် နိဗ္ဗာန်တစ်ခု


Tacoma ရဲ့ အစားအစာတွေက ယဉ်ကျေးမှုတွေလိုပဲ ကွဲပြားပြီး ပေါ့ပေ့်ပါးပါး အစားအသောက်ကနေ fine dining အထိ ရွေးချယ်စရာတွေ ကျယ်ပြန့်တာပါ။ မြို့ကသူ့ရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာတွေ farm-to-table စားသောက်ဆိုင်များနဲ့ craft breweries တွေကြောင့် လူသိများပြီး အရသာအစုံကြိုက်တဲ့ foodie တွေ နှစ်သက်စေမယ့် အချက်အပြုတ် အတွေ့အကြုံတွေကို ပေးဆောင်သွားမှာပါ။


၈။ မိသားစုအဆင်ပြေမယ့် အသိုင်းအဝိုင်း


Tacoma မှာ မိသားစုနဲ့ ကလေးတွေအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုအမျိုးမျိုးနဲ့ ပွဲလမ်းသဘင်များစွာရှိတဲ့ အတွက် မိသားစုတွေအတွက် အဆင်ပြေပါတယ်။ မြို့ထဲမှာ Children Museum of Tacoma လို ဖျော်ဖြေရေးနဲ့ ဗဟုသုတရမယ့် ပန်းခြံနဲ့ ကစားကွင်းများစွာရှိပါသေးတယ်။


၉။ မြို့ကြီးတွေနဲ့ နီးခြင်း


Tacoma က Seattle နဲ့ Portland တို့လို့ ပြည်နယ်ထဲမှာရှိတဲ့ မြို့ကြီးတွေနဲ့အနီးမှာ အဆင်ပြေစွာတည်ရှိပြီး သေးငယ်ပြီး ဈေးသက်သာတဲ့ မြို့ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ခံစားရင်း ထိုမြို့ပြဧရိယာတွေရဲ့ အခွင့်အလမ်းတွေကိုလည်း အလွယ်တကူရနိုင်ပါတယ်။


၁၀။ ဖော်ရွေသော အသိုက်အဝန်း


Tacoma ဟာ သူ့ကို အိမ်လို့ ဂုဏ်ယူပြီး နေထိုင်တဲ့ သူတွေနဲ့ အတူ ဖော်ရွေပြီး ကြိုဆိုတဲ့ အသိုက်အဝန်းကြောင့် လူသိများပါတယ်။ Local Businesses များကနေ ရပ်ရွာပွဲလမ်းသဘင်များထိ Tacoma က ခိုင်မာသော အသိုင်းအဝ်ိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးတဲ့ မြို့ ဖြစ်ပြီး ရင်းနှီးဖော်ရွေတဲ့ ပတ်ဝန်းကျင်ကို ရှာနေတဲ့သူတွေအတွက် နေထိုင်ရန် အကောင်းဆုံးနေရာတစ်ခုပါ။





 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page