top of page

ဒုတိယအိမ်ဟာသင့်ရဲ့ retirement plan အတွက်လိုအပ်ချက်တစ်ခုဖြစ်နေနိုင်မလား ?

  • Writer: arkar tm
    arkar tm
  • Sep 21
  • 1 min read
ree

ကိုယ့်ရဲ့ retirement plan ဟာ စီစဉ်ရေးဆွဲထားတဲ့အတိုင်း အကောင်အထည်ပေါ်ဖို့အဆင်သင့်ဖြစ်နေပါပြီလား ?

အောင်မြင်နေတဲ့ Financial အဖွဲ့အစည်းဖြစ်တဲ့ Intuit Organization ကတော့ လက်ရှိစီးပွားရေးဈေးကွက်အခြေအနေဟာ ကိုယ့်အနာဂါတ်ကို တိတိကျကျ planning လုပ်ဖို့အတွက်ခက်ခဲတဲ့ကာလဖြစ်တယ် လို့ America ရဲ့ 69% သောလူဦးရေတွေက ပြောနေကြတယ်။ အဲဒီ့ထဲက 68% ကတော့သူတို့ အချိန်တန်ရင် retire လုပ်ဖို့အတွက်သေချာလား မသေချာလားတောင်မပြောနိုင်ကြဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒီလိုအနေအထားမျိုးမှာ real estate ပိုင်ဆိုင်မှုက ဘယ်လိုအရေးပါလာပါသလဲ ?


Real Estate က ကိုယ့်အနာဂါတ်ကိုပိုခိုင်မာတောက်ပစေနိုင်တဲ့အချက်များ


(1) ကိုယ့်ကြွယ်ဝချမ်းသာမှုကို အချိန်ကြာလေ ပိုတိုးပွါးလာလေဖြစ်စေတယ်။

အိမ်ဈေးဆိုတာ အမြဲတမ်းတိုးတက်နေတဲ့အရာပါ၊ ဘယ်တော့မှ ကျသွားတယ်ဆိုတာမရှိပါဘူး။ အချိန်တန်ရင် နှစ်စဉ်ဈေးနူန်းတွေတက်တက်လာတာပါပဲ။ ဒါက အိမ်‌ပိုင်ရှင်တစ်ယောက်အနေနှင့် ဒီအတိုင်းအိမ်ကိုပိုင်ဆိုင်ထားရုံနှင့် အချိန်နှင့်အတူ ကိုယ့်ပိုင်ဆိုင်မှု value တွေကို ဘာမှလုပ်စရာမလိုပဲ အလိုလျောက်တိုးတက်စေနေတဲ့ အချက်ပါပဲ။


(2) အပိုဝင်ငွေ passive income တွေရ‌နေစေပါတယ်။

အိမ်အငှားထားခြင်းဟာ ကိုယ့်အတွက် အချိန်မှန်မှန် passive income ဝင်နေစေတဲ့ ကိုယ်ပိုင်စီးပွါး‌ရေးတစ်ခုပါပဲ။ အိမ်အငှားထားတာဟာ အိမ်ကိုထိမ်းသိမ်းရတာ၊ အိမ်အငှားတွေနှင့် ဆက်ဆံပြီး manage လုပ်ရတာဖြစ်တဲ့အတွက် လွယ်ကူတဲ့အလုပ်တစ်ခု မဟုတ်ပေမယ့် ကိုယ်က‌ သေသေချာချာစနစ်တကျကိုင်တွယ်နိုင်မယ်ဆိုရင် အရမ်းကို solid ဖြစ်တဲ့ ဝင်ငွေလမ်းတစ်ခုဖြစ်ပါတယ်။


(3)အနာဂါတ်မှာ အမြတ်တွေအများကြီးရနိုင်မယ့်အခွင့်အရေး။

အိမ်ပိုင်ဆိုင်ထားရတာဟာ တဖြည်းဖြည်းတိုးပွါးနေတဲ့ စုဗူးအကြီးကြီးတစ်ခုကိုပိုင်ဆိုင်ထားရသလိုပါပဲ။ အနာဂါတ်မှာ ကိုယ်က အကြောင်းအမျိုးမျိုးကြောင့်ကိုယ့်အိမ်ကိုရောင်းချတော့မယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့အချိန်ကတန်ဖိုးထက် များစွာသာလွန်တဲ့ငွေကြေးပမာဏကို သေချာပေါက်ရရှိမှာဖြစ်ပါတယ်။ အိမ်ရောင်းတယ်ဆိုတာကလဲ သေသေချာချာကိုင်တွယ်စီစဉ်နိုင်လေ ကိုယ့်အတွက်အကျိုးအမြတ်များများရရှိလေဖြစ်ပါတယ်။


(4) ကိုယ့်ရဲ့ငွေကြေးရင်းနှီးမှုတွေကို ခွဲခြားသတ်မှတ်ထားခြင်း။ 

Real Estate တစ်ခုကိုပိုင်ဆိုင်ထားခြင်းဟာ အိမ်ပိုင်ရှင်ကို အခြားသောရင်းနှီးမြုပ်နှံမှုတွေဖြစ်တဲ့ Stock Market နှင့် Saving တွေ‌ပေါ်မှီခိုမှု ပိုလျော့နည်းစေပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ အခြား Investment တွေကို cash flow အတွက် ပြန်ရောင်းလိုက်ပြန်ဝယ်လိုက် လှုပ်လှုပ်လျားလျားလုပ်ရမှုတွေ လျော့နည်းစေပြီး ကိုယ့်ရဲ့ Investment Return တွေကိုပုံမှန်တည်တည်ငြိမ်ငြိမ်ဖြစ်တည်စေပါတယ်။


ဒုတိယအိမ်တွေဝယ်ပြီးတော့ investment လုပ်တာဟာ ငွေကြေးကြွယ်ဝချမ်းသာသူတွေမှ သီးသန့်လုပ်နိုင်တဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒုတိယအိမ်တွေကို ဝယ်ကြတဲ့သူအများစုဟာ သူလိုကိုယ်လို အလုပ်လုပ်ကိုင်ကြရင်းဝယ်ယူ ရင်းနှီးမြုပ်နံကြတာပါ။ဒါကြောင့် သူများတွေအခွင့်အရေးတွေရှိကြသလို သင့်မှာလဲထပ်တူအခွင့်အလမ်းတွေရှိပါတယ်။


ပြီးတော့အခုလက်ရှိကာလဟာ သင် second home investment လုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်နိုင်ပါတယ်။ အိမ်အရောင်းတွေများလာပြီး အိမ်ဈေးတွေအပြိုင်အဆိုင်ချရောင်းကြ၊ အကောင်းဆုံး deal တွေကိုအပြိုင်အဆိုင်ပေးပြီးရောင်းနေကြတဲ့ ဈေးကွက်တစ်ခုကိုရောက်ရှိနေတာဖြစ်တဲ့အတွက် သင်အိမ်ဝယ်ဖို့စဉ်းစားထားရင် ဒီအချိန်မှာအကောင်အထည်ဖော်သင့်ပါတယ်။


ဒါပေမယ့် အိမ်တစ်လုံးကို အောင်အောင်မြင်မြင်‌ ဈေးမှန်မှန်နှင့် ဝယ်ယူဖို့ဆိုတာ အဆင့်တွေအများကြီးပါတဲ့ ရှုပ်ထွေးတဲ့ process တစ်ခုဖြစ်တဲ့အတွက်၊ ကိုယ့် second home investment အဆင်ပြေပြေ အေးအေးဆေးဆေးပြီးစီးအောင်မြင်ဖို့အတွက် ကိုယ်ယုံကြည်စိတ်ချရတဲ့ local real estate agent တစ်ယောက်နှင့်အရင်ဆုံးတိုင်ပင်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အကောင်းဆုံးအကြံပေးချင်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page