top of page

FHA Multifamily Loans ဆိုတာ ဘာလဲ?

  • Writer: Win Myat Thu
    Win Myat Thu
  • Jan 2, 2024
  • 1 min read

Updated: Jan 19, 2024

တစ်ချို့လူတွေအတွက်ကတော့ အိမ်တစ်လုံးရှိရင် လုံလောက်ပါတယ်။

တကယ်တော့ single-family home အတွက်ပေးရတဲ့ Mortgage က

နေစရာတစ်ခုရပြီး ရေရှည်မှာရင်းနှီးမြုပ်နှံဖို့အတွက် ခိုင်မာတဲ့ နည်းလမ်းတစ်ခုအနေနဲ့ သင့်တော်ပါတယ်။


ဒါပေမယ့် သင်က အိမ်တစ်လုံးတည်းနဲ့ မတိမ်းတိမ်ဘူးဆိုရင်ရော?

တကယ်ဆို အချိုရည်တောင်မှ ခြောက်ဘူးတစ်ကဒ်ဝယ်တာက

တစ်ဘူးဝယ်တာထပ် သက်သာတာဖြစ်တဲ့အတွက် အိမ်ဝယ်တာကလည်း ထိုနည်းတူဖြစ်နိုင်ပါတယ်။

အဲ့တာကြောင့် Multifamily homes တွေဝင်လာတာဖြစ်ပါတယ်။


Multifamily Home ဆိုတာ ဘာလဲ?



Multifamily home ဆိုတာကတော့ units တွေ အများကြီးပါတဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။

သင်က အခန်းတစ်ခန်းမှာ နေပြီး ကျန်တဲ့အခန်းတွေကို ငှားရမ်းထားလို့ ရပါတယ်။


ဒီနည်းနဲ့ဆိုရင် သင့်ကိုယ်ပိုင်နေစရာတစ်ခုအပြင် အိမ်ငှားရမ်းခက အမြတ်တွေနဲ့အတူ

Equity ပါစုဆောင်းနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် သင့်မှာ Multifamily home ဝယ်ယူရန် လက်ဝယ်ငွေသားမရှိပါက

လိုအပ်သော ပမာဏကို ချေးငှားရန် လိုအပ်ပါတယ်။


တစ်ခါတစ်ရံမှာတော့ Federal Housing Admiration (FHA) မှ

သင်လိုအပ်သော ငွေကြေးကို ချေးငွေထုတ်ပေးနိုင်ပါတယ်။


FHA Family Loan

FHA ကို ၁၉၃၄ ခုနှစ် Great Depression ဖြစ်နေစဉ်က အမေရိကန်နိုင်ငံသားတွေတွေ

အိမ်ပိုင်ရှင်များဖြစ်လာအောင်လုပ်ပြီး အိမ်ရာဈေးကွက်ကို

တည်ငြိမ်အောင် လုပ်ဖို့အတွက် ဖန်တီးခဲ့ကြပါတယ်။


၁၉၆၅ ခုနှစ်မှာတော့ FHA ဟာ Department of Housing and Development (HUD) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။


FHA ဟာ အမေရိကန်နိုင်ငံသားများစွာကို mortgage loans အာမခံပေးကာ

အိမ်ပိုင်ရှင်များဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ FHA ကလူတိုင်းရရှိနိုင်ပေမယ့်

အဓိကအားဖြင့် first-time home buyers နှင့် past credit နှင့် saving issues များကြောင့် conventional loan မရနိုင်သောသူများကို ပိုဦးစားပေးပါတယ်။


လက်ရှိမှာတော့ အမေရိကန်နိုင်ငံသားအများစုက 4 unit ထိပါရှိသော

အိမ်ခံမြေများအတွက် single-family loan ရရှိထားပါတယ်။


နှင့်အထက်ပါသော အိမ်ခြံမြေများကတော့

FHA limits and qualifications များနှင့်အညီ

FHA multifamily loans အတွက် အကျုံးဝင်ပါတယ်။


Multifamily loans ကို ကိုယ့်ပိုင်ရာမြေမှာ နေမယ် (owner-occupied) နှင့်

မနေဘူး ငှားမယ် (commercial) ဆိုပြီး ခွဲထားပါသေးတယ်။


FHA Multifamily Loans: Owner-Occupied vs. Commercial

Unit တစ်ခုချင်းဆီမှာလည်း ရေချိုးခန်း၊မီးဖိုချောင်အပြီးအစီး ပါရှိရမှာဖြစ်ပြီး

loan application မတင်ခင် သုံးနှစ်အတွင်းမှာ remodel အကြီးစား ပြုလုပ်ဖူးရမှာဖြစ်ပါတယ်။


တစ်ခြား mortgage များနည်းတူ loan ရရှိဖို့ကတော့

သင့်ရဲ့ credit score, income နှင့် debt-to-income (DTI) ratio အပေါ်မူတည်မှာဖြစ်ပါတယ်။


သင့်အနေနဲ့ ကိုယ့် property ရဲ့ အိမ်ငှားရမ်းခ ရနိုင်ခြေကိုလည်းဖော်ပြဖို့လိုအပ်ပါသေးတယ်။


Single-family loan ဟာ ကိုယ်ဝယ်မယ့် unit အရေအတွက်နှင့် ကိုယ်ဘယ်မှာနေမယ့်ပေါ်မူတည်ပြီး

loan limit ရှိပါတယ်။ ဒါပေမယ့် FHA multifamily loans ကတော့

single-family loans လိုမျိုး upper borrowing limit မရှိပါဘူး။


သင့်ဟာ loan ရဖို့အတွက်ဆိုရင်တော့,

loan-to-value (LTV) ratio အနည်းဆုံး ၈၇%-၉၀% လိုအပ်ပါတယ်။

ဆိုလိုချင်တာကတော့ သင့်အနေနဲ့ ၁၀%-၁၃% (သို့) $၁၀၀,၀၀၀ ချေးငွေယူတိုင်း

$၁၀,၀၀၀ မှ $၁၃,၀၀၀ down payment ပေးချေရမှာ ဖြစ်ပါတယ်။


Owner-occupied Loan

Owner-occupied FHA multifamily loan (FHA 223(f) Loan) ရရှိရန်, သင်ဟာ property ရဲ့ unit တစ်ခုမှာ နေထိုင်ရမှာဖြစ်ပါတယ်။ ရရှိလာတဲ့ ချေးငွေကိုတော့ မျှတတဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ငှားရမ်းလို့ရမယ့် အိမ်ကို ဝယ်ယူရန် အသုံးပြုနိုင်မှာဖြစ်ပါတယ်။


Commercial Loan

တကယ်လို့ သင်ဟာ အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်ချင်ရင်သော်လည်းကောင်း

တိုက်ခန်းတာဝါတစ်ခုမှာ ရင်းနှီးချင်ရင်သော်လည်းကောင်း FHA Multifamily loans က သင့်အတွက် ရွေးချယ်မှုကောင်းတစ်ခုတော့ မဟုတ်ပါဘူး။


ဒါပေမယ့် FHA မှာ ကိုယ်ဝယ်ထားတဲ့ မြေပေါ်မှာ မနေပဲ ရင်းနှီးမြုပ်နှံချင်တဲ့သူတွေအတွက်

non-owner-occupied multifamily home loan ဆိုပြီး သီးခြား program တစ်ခုရှိပါတယ်။


တစ်ခါတစ်ရံမှာ ဒီ loans တွေကို mixed-use properties အတွက်သုံးလို့ရပါသေးတယ်။

Mixed-used အနေနှင့် အရည်အချင်းမှီဖို့ဆိုရင်တော့ အိမ်ရဲ့ ၅၁% ဟာ

residential use အတွက်ဖြစ်ဖို့တော့လိုပါတယ်။


FHA Loan ကို ယူမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ Mortgage Loan Specialist တွေနဲ့

တိုင်ပင်ဖို့ လိုပါတယ်။


Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page